Healthy Life Ad
Health Tips

အပြင်ထွက် အလုပ်လုပ်ရသူများ အပူကြောင့်နာမကျန်းမှုမဖြစ်စေရန် သတိထားစရာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) နေပူဒဏ်ခံနိုင်ဖို့ ချည်သားပွပွ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်ဝတ်သင့်ပါတယ်။

(၂) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များများစားပေးပါ။ နေဒဏ် ကာကွယ်နိုင်အောင် ခရမ်းချဉ်သီးဟင်းလျာ စားပေးပါ။

(၃) ရေများများသောက်ပေးပါ။ ချွေးထွက်များလွန်းရင် ဓာတ်ဆားရည်ကို သောက်ပေးဖို့မမေ့ပါနဲ့။ ရေခဲရေ အများကြီးကို မော့သောက်ပစ်တာမျိုး မလုပ်သင့်ပါ။ အချိန် ၁၀-၁၅ မိနစ်လောက်နားနေပြီးမှ ရေကို ဖြည်းဖြည်း ချင်းသောက်ပေးပါ။

(၄) နေပူထဲ အလုပ်လုပ်တဲ့အခါ ဖြစ်နိုင်ရင် ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ။ သနပ်ခါးထူထူ လိမ်းပါ။

(၅) မနက် ၁၀ နာရီနဲ့ ညနေ ၃ နာရီကြား နေရောင်ခြည်က ပြင်းလွန်းတဲ့အတွက် အဲဒီအချိန်တွေမှာ အရိပ်ရတဲ့နေရာမှာ မကြာခဏနားပေးပါ။

(၆) အပြင်ကပြန်လာရင် ချက်ချင်းရေချိုးတာ၊ ခြေထောက်ရေဆေးတာတို့ မလုပ်သင့်ပါဘူး။ ဒီလိုလုပ်လိုက်ရင် အပူလျှပ်ပြီး အပူကြီးကာ ဖျားနာတတ်ပါတယ်။ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

(၇) အဓိက စိတ်ဖိစီးမှု မများအောင်လည်း နေသင့်ပါတယ်။ သွေးတိုးနိုင်ခြေလည်းများတဲ့အတွက် တတ်နိုင်သမျှ စိတ်ရောကိုယ်ပါ သက်သောင့်သက်သာနေစေချင်ပါတယ်။

(၈) အရက်ကို မသောက်သင့်ပါဘူး။ အရက်သောက်ရင် ဆီးသွားများစေတဲ့အတွက် နွေပူပူ ရေဓာတ်ခမ်းခြောက်ချိန်မှာ အရက်သောက်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်အလွန်အမင်း ခမ်းခြောက်သွားပြီး ကတုန်ကယင်ဖြစ်တာ၊ မူးဝေတာ၊ သတိလစ်တာတို့ ဖြစ်စေနိုင်ပါတယ်။
(၉) ကိုယ့်အကြောင်း ကိုယ်သိပါ။ ဥပမာ-နေပူထဲ အလုပ်လုပ်နေရင်း ချွေးလုံးဝမထွက်တော့တာ၊ မူးလာတာ၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တော့တာမျိုးတွေဖြစ်ရင် အလုပ်ဆက်မလုပ်ဘဲ အရိပ်ရတဲ့ နေရာမှာ အနားယူပေးပါ။

(၁၀) ညဘက်မှာ အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top