Healthy Life Ad
Health Tips

ရေနွေးပူပူသောက်ခြင်း၏ ကျန်းမာရေးကောင်းကျိုး ၁၀

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရေနွေးပူပူကို ပုံမှန်သောက်ပေးရင် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းစေပြီး အစာကြေနှုန်းကောင်းစေပါတယ်။

(၁) နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပါတယ်
ရေနွေးပူပူသောက်တာကြောင့် ခေါင်းကိုက်တာကနေ ရာသီလာတဲ့အထိ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ရေအပူမှာ ဝမ်းဗိုက်ကြွက်သား နာကျင်တောင့်တင်းမှုသက်သာစေတဲ့ အစွမ်းရှိပါတယ်။

(၂) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်
နံနက်ခင်းမှာ ရေနွေးအကြမ်းပန်းလုံး တစ်ခွက်လောက် သောက်လိုက်ရင် ခန္ဓာကိုယ်ထဲက အဆိပ် အတောက်တွေကိုကင်းစင်စေပါတယ်။ ရေနဲ့ တခြားအရည်တွေက အစာအိမ်ထဲက အစာတွေကို ချေဖျက်ပေးပြီး အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။

(၃) ဆံပင်သား ကျန်းမာသန်စွမ်းစေပါတယ်
ရေနွေးသောက်တာကြောင့် ဆံပင်သားနူးညံ့တောက်ပြောင်စေပါတယ်။ ဆံပင်အရင်းတွေကိုအားဖြည့်ပြီး သန်စွမ်းစေပါတယ်။

(၄) အသားအရေ ကျန်းမာကြည့်ကောင်းစေပါတယ်
ရေနွေးသောက်တာကြောင့် ခန္ဓာကိုယ်နွေးထွေးပြီး ရေဓာတ်ပြည့်ဝစေပါတယ်။ ခြောက်သွေ့ အက်ကွဲတဲ့အသားအရေအတွက် ရေနွေးက အထူးအရေးပါတဲ့အရာပါ။ ရေနွေးပူပူသောက်တာကြောင့် သွေးလှည့်ပတ်မှုကောင်းစေတဲ့အပြင် နှင်းဆီရောင်သမ်းတဲ့ အသားအရေပိုင်ရှင် ဖြစ်စေပါတယ်။

(၅) သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်
ရေနွေးပူပူသောက်တာကြောင့် အာရုံကြောစနစ်မှာ စုပုံနေတဲ့အရာတွေကို ဖယ်ရှားနိုင်ပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်။

(၆) အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ရေနွေးသောက်တာက အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင် ကာကွယ်ဟန့်တားနိုင်ပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေက အရွယ်မတိုင်ခင်မြန်မြန်အိုမင်းစေပါတယ်။ ဒါပေမဲ့ ရေနွေးပူပူ သောက်ရင်တော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကင်းစင်ပြီး အရေပြားဆဲလ်တွေကို ပြုပြင်ပေးကာ အသားအရေတင်းရင်းစေပါတယ်။

(၇) ဝမ်းချုပ်တာကို သက်သာစေပါတယ်
မနက်ခင်း ဗိုက်ထဲအစာမရှိချိန် ရေနွေးတစ်ဖန်ခွက် သောက်တာကြောင့် အူလှုပ်ရှားမှုကောင်းမွန်စေပါတယ်။ အစာတွေကို ချေဖျက်အားကောင်းစေပြီး ရေဓာတ်ပြည့်ဝကာ ဝမ်းမချုပ်အောင် ကာကွယ်ဟန့်တားနိုင်ပါတယ်။

(၈) ချောင်းဆိုးတာနဲ့ အအေးမိဝေဒနာကို သက်သာစေပါတယ်
ရေနွေးသောက်တာကြောင့် လည်ချောင်းနာတဲ့ ဝေဒနာကို သက်သာလျော့ပါးစေပါတယ်။ ရေနွေးမှာ အချွဲပျော်စေတဲ့ အစွမ်းရှိပါတယ်။

(၉) ကိုယ်အလေးချိန်လျော့ကျစေပါတယ်
ရေနွေးသောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆီတွေကိုချေဖျက်ရာမှာ ကူညီပြီး ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ အစာစားပြီးတိုင်း ပျားရည် ဒါမှမဟုတ် သံပရာရည်ထည့်ပြီး ရေနွေးတစ်ဖန်ခွက်သောက်ပေးပါ။

(၁၀) ဝက်ခြံအဖုအပိမ့်တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်
ရေနွေးပူပူ သောက်တာကြောင့် ခန္ဓာကိုယ်ကို ကောင်းကောင်းသန့်စင်ပေးပြီး ဝက်ခြံနဲ့ ဆက်စပ်နေတဲ့ ကူးစက်ပိုးဝင်တာတွေကို ကင်းစင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top