Healthy Life Ad
Health Tips

ကြို့ထိုးခြင်း သက်သာစေမည့် အဆင့် ခုနစ်ဆင့်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူအများကြားမှာ ရုတ်တရက် ကြို့ထိုးတဲ့အခါ ကြို့ထိုးတာကို ထိန်းချုပ်နိုင်ဖို့ နည်းအမျိုးမျိုး သုံးရပါတော့တယ်။ အဲဒီအချိန်မှာ လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကြို့ထိုးသက်သာစေမယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

အဆင့် (၁)
သင့်လက်များကို အသုံးပြုပါ

လက်တစ်ဖက်ရဲ့ လက်မနဲ့ တခြားလက်ရဲ့ လက်ညှိုးကိုယှက်ပြီး ပါးစပ်ပေါ်မှာ ဘောလုံးကို ညှစ်ထားတဲ့ ဟန်မျိုး ထားပါ။ ဒီအနေအထားဟာ နာ့ဗ်ကြောစနစ်ကို သက်ရောက်မှုရှိပြီး ကြို့ထိုးသက်သာစေပါတယ်။

အဆင့် (၂)
အသက်အောင့်ထားပါ

အသက်ပြင်းပြင်းရှူသွင်းပြီး ခဏတာအသက်ရှူအောင့်လိုက်ပါ။ အဆုတ်ထဲ ကာဗွန်ဒိုင်အောက်ဆိုက်ပိတ်ဆို့ပြီး ရင်ဝမ်းတားကြွက်သားက အပန်းပြေသွားပါလိမ့်မယ်။

အဆင့် (၃)
နားပိတ်ပါ

မိနစ်အနည်းငယ်ကြာကြို့ထိုးပြီး မသက်သာရင် လက်ညှိုးတွေနဲ့ နားနှစ်ဖက်ကို ၂၀-၃၀ စက္ကန့်ကြာပိတ်ပေးပါ။ ဒါမှမဟုတ် နားသန်သီး ဘေးက ပျော့တဲ့အပိုင်းကို ဖိပေးပါ။ ဒါဟာရင် ဝမ်းတားကြွက်သားနဲ့ဆက်နေတဲ့ Vagus နာ့ဗ် ကြောကတစ်ဆင့် အပန်းပြေတဲ့ အချက်ပြမှု ရောက်ရှိသွားစေပြီး ကြို့ထိုးသက်သာစေပါတယ်။

အဆင့် (၄)
လျှာထုတ်ပါ

ဘယ်သူမှကြည့်မနေတဲ့အချိန်မှာ လျှာထုတ်ထားပါ။ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ လုပ် နေကျလေ့ကျင့်ခန်း ဖြစ်ပါတယ်။ အကြောင်းကတော့ အသံကြိုးတွေအကြား အဖွင့်ကိုလှုံ့ဆော် ပေးနိုင်လို့ပါ။ ဒီလိုလုပ်တာကြောင့် အသက်ဝ၀ ရှူနိုင်ပြီး ကြို့ထိုးသက်သာစေပါတယ်။

အဆင့် (၅)
ပါးစပ်ကို အုပ်ထားပါ

နှာခေါင်းနဲ့ ပါးစပ်ကိုလက်နဲ့အုပ်ထားပြီး ပုံမှန်အသက်ရှူသွင်း၊ ရှူထုတ်တဲ့ဖြစ်စဉ် ရှိနေပါစေ။ ကာဗွန်ဒိုင်အောက်ဆိုက်အပို ရရှိတာကြောင့် ကြို့ထိုးတာကို သက်သာစေပါတယ်။

အဆင့် (၆)
ရေသောက်ပါ

ရေတစ်ဖန်ခွက်မှရေတွေကို ၉-၁၀ ကြိမ် ခန့်ငုံလိုက်ပါ။ ရေသောက်ပြီးချိန်မှာ ရင်ဝမ်းတားကြွက်သားရဲ့ အစာရေမျိုပြွန်ကျုံ့ဆန့်မှုကိုပြောင်း လဲသွားစေပါတယ်။

အဆင့် (၇)
အဆင့် (၃)နှင့် (၆)ကို ပေါင်းစပ်လုပ်ဆောင်ပါ

ရေသောက်နေစဉ်နားကို ပိတ်ထားရင် ပိုထိရောက်ပါတယ်။ နားထဲကိုလက်ညှိုးနဲ့ ပိတ်ထားပြီး ပိုက်နဲ့ရေကို စုပ်သောက်ပါ။ ဖြည်းဖြည်းချင်း မျိုချရာရောက်ပြီး ကြို့ထိုးသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top