Healthy Life Ad
International

ဆေးရုံတက်မွေးဖို့ ငြင်းဆန်ခံရသဖြင့် လမ်းပေါ်မှာ ကလေးမွေးရတဲ့ ဆယ်ကျော်သက်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှဆယ်ကျော်သက် တစ်ယောက်ဟာ ဆေးရုံမှအကူအညီပေးဖို့ ငြင်းဆန်ခံရတာကြောင့် လမ်းပေါ်မှာ ကလေးမွေးချခဲ့ရပါတယ်။ မိန်းကလေးငယ်က အသက် ၁၇နှစ်သာရှိသေးပြီး အဖော်လည်းမပါတာကြောင့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။


ရည်းစားဖြစ်သူက ကိုယ်ဝန်ရလာတဲ့အခါ စွန့်ပစ်သွားပြီး မိသားစုက လင်ကောင်မပေါ်ဘဲ ကလေးမွေးမှာ မလိုလားတာကြောင့် အိမ်မှနှင်ထုတ်ခံခဲ့ရပြီးနောက် ကိုယ်ဝန်ဆောင်မိန်းကလေးဟာ လမ်းပေါ်မှာ ၄ လကြာနေထိုင်ခဲ့ရပါတယ်။ မိန်းကလေးဟာ ဆေးရုံအနီး လမ်းပေါ်မှာထိုင်ပြီး ကလေးမွေးတာကြောင့် လမ်းသွားလမ်းလာတွေက အကာအရံကာပေးခဲ့ကြပါတယ်။ သူတို့က မကျေနပ်တာကြောင့် ဆေးရုံဝန်ထမ်းတွေနဲ့ စကားများခဲ့ ပြီးနောက် ဆရာဝန်တစ်ယောက် ထွက်လာပြီး ကလေးချက်ကြိုးဖြတ်ပေးခဲ့တယ်လို့ သိရပါတယ်။


နောက်ဆုံးမှာ လမ်းသွားလမ်းလာ အမျိုးသမီးတွေက ဦးဆောင်တိုက်တွန်းတာကြောင့် အမျိုးသမီးဟာ ဆေးရုံတက်ခွင့်ရခဲ့ပါတယ်။ ဆေးရုံမှာ သူနာပြုနှစ် ယောက်သာရှိပြီး အမြွှာပူးကလေး မွေးဖွားနေတာကြောင့် အလုပ်ရှုပ်နေခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူ တွေကအကြောင်းပြခဲ့ပါတယ်။ ကံမကောင်းအ ကြောင်းမလှဘဲဖြစ်သွားတာဖြစ်ပြီး လိုအပ်တဲ့အရေး ယူမှုပြုလုပ်သွားမယ်လို့ ဆေးရုံကပြောပါတယ်။ မိခင်ဖြစ်သူရော၊ ကလေးပါ ကျန်းမာရေးကောင်းမွန်ပြီး အမျိုးသမီးစောင့်ရှောက်ရေးဂေဟာသို့ခေါ် ယူစောင့်ရှောက်ထားကြောင်း သိရပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top