Healthy Life Ad
Q & A

ရာသီလာစဉ် ကိုက်ခဲနာကျင်တယ် . . .

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

မေး။ ။ ရေမြေခြားမှာရောက်ရှိနေတဲ့ အသက် ၂၉ နှစ်အရွယ် ညီမလေးရဲ့ ကျန်းမာရေးအတွက် အားကိုးစွာ မေးပါရစေရှင်။ ညီမလေးဟာ ဓမ္မတာလာကာနီးအချိန်တိုင်း ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို ခံစားရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ယခုတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ ပုံမမှန်တဲ့ ဓမ္မတာလာနေခဲ့တယ်လို့ ပြော ပါတယ်။ တစ်ခါတရံ ၂ပတ်ခြားလောက်နဲ့ ပြန်လာ တတ်ပြီး တစ်ခါတရံ တော်တော်နဲ့ မပြီးဘဲ ရက်ကြာ တတ်ပါတယ်။ ဘယ်ဘက်ဆီးခုံအထက်နားမှာလည်း လှုပ်သလို၊ ခုန်သလို၊ တဆစ်ဆစ်နဲ့ ကိုက်သလို နာ သလိုခံစားရတတ်တာ အမြဲတမ်းမဟုတ်ပေမယ့် သုံးလေးလလောက်မှာ တစ်ခါဖြစ်တတ်ပြီး ကြာချိန်က နှစ်လလောက် ကြာပါတယ်တဲ့။ ဆရာဝန်က ဟော်မုန်းကြောင့်ဖြစ်တယ်ပြောပြီး သံဓာတ်အားဆေးတစ် လစာသောက်ခိုင်းပါတယ်။ ဆေးသောက်ပြီးလေးလလောက်အထိ ပုံမမှန်တာ ပြန်မဖြစ်တော့လို့ ကောင်း သွားပြီထင်ခဲ့ရာ အခုပြန်ဖြစ်နေလို့ စိုးရိမ်မိပါတယ်။ ပြန်ဖြစ်စဉ် အကိုက်အခဲပျောက်ဆေး သောက်လိုက် ရင်လည်း ရပ်သွားတတ်လို့ ဘယ်လိုကုသရမှန်းမသိ ဖြစ်နေပါတယ်။ နိုင်ငံရပ်ခြားမှာမို့ ဆရာဝန်ဆီပဲ ပြန် သွားသင့်သလား။ ဘယ်လိုကုသသင့်ပါသလဲ။

သူသာမြတ်နိုးရာ (FB)

ဖြေ။ ။ ရာသီလာစဉ်ကိုက်ခဲတာ၊ ရာသီမမှန်တာတွေဟာ ဟော်မုန်းဓာတ်ကြောင့်လည်းဖြစ်နိုင်သလို သွေး အားနည်းလွန်းခြင်း၊ အာဟာရချို့တဲ့မှုရှိခြင်း၊ ပိန်လွန်းခြင်း၊ စိတ်ဖိစီးမှုများခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆီးခုံနားက တစ်ခုခုခုန်နေသလို ဖြစ်တယ်၊ ကိုက်ခဲတယ်ဆိုရင်တော့ စစ်ဆေးစမ်းသပ် ဖို့လိုပါတယ်။ ဆေးရုံ၊ဆေးခန်းပြသစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top