Healthy Life Ad
Q & A

ရာသီလာချိန် သွေးဆင်းများခြင်း

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊—–

Q. သမီးအသက်က ၁၅ နှစ်ပါ။ ရာသီလာရင် ဘာကြောင့် သွေးဆင်းများရပါသလဲ ဆရာ။

A. ဆယ်ကျော်သက်တွေမှာ ဟော်မုန်းတွေမမှန်လို့ သွေးဆင်းများတတ်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဆင်းရဲတာနဲ့ ဝမ်းနည်းတာကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။ တစ်ခါတလေ ရောဂါတွေကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။ သားအိမ်ထဲမှာ အလုံးဖြစ်နေရင်၊ အသားပိုထွက်နေရင်၊ နေရာလွဲမှား သားအိမ်အတွင်းသား (Endometriosis) ရောဂါရှိရင်၊ မျိုးပွားအင်္ဂါမှာ ပိုးဝင်ရောင်ရမ်းနေရင် သွေးဆင်းများတတ်သလို တစ်ခါတစ်ရံ သားအိမ်ထဲမှာ သန္ဓေတားပစ္စည်းထည့်ထားရင်လည်း သွေးဆင်းများတတ်ပါတယ်။ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေကြောင့်လည်း သွေးဆင်းများတတ်ပါသေးတယ်။ ဒါကြောင့် သွေးဆင်းများတာကို မပေါ့ဆပါနဲ့။ တစ်ခါတလေ ဘာရောဂါမှမရှိဘဲ၊ ဘာအကြောင်းကြောင့်မှန်း မသိဘဲ သွေးဆင်းများနေတာမျိုးလည်း ရှိတတ်ပါတယ်။ သွေးတွေအများကြီးဆင်းရင် သွေးအားနည်းတတ်ပါတယ်။ မောပန်းနေတတ်ပါတယ်။ ပုံမှန်အတိုင်း လမ်းလျှောက်နေရင်း ရင်တွေတုန်လာတတ်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top