Healthy Life Ad
Q & A

သဘာဝဘေးအန္တရာယ်ဒဏ်ခံရပြီးချိန်မှာ . . .

မေး. ငလျင်လှုပ်တာလို သဘာဝဘေးအန္တရာယ်တစ်ခုခု ကြုံပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဘယ်လောက်အထိ ဖြစ်တတ်ပါသလဲ ဆရာ။
ဒေါ်ထွေး၊ ကျောက်မြောင်း။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ငလျင်လှုပ်တာ တစ်ကြိမ်ကြုံပြီးတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများလာတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကျတာတွေလည်း အတော်ဖြစ်လာပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်သေကြောင်း ကြံမိတာတွေပါ လုပ်လာတာကို တွေ့ရပါတယ်။ အဲဒီလိုတွေဖြစ်လာရင်တော့ စိတ်ပိုင်းဆိုင်ရာကုသမှု၊ နှစ်သိမ့်မှုတွေလည်း လိုအပ်လာပါတယ်။

ငလျင်လှုပ်လိုက်ပြီဆိုရင် ဒါတွေက ဆက်တိုက်ဖြစ်လာနိုင်တာတွေပါပဲ။ ဒါတွေကို ကျန်းမာရေး စောင့်ရှောက်တဲ့အဖွဲ့တွေက ဒါတွေကို သိရှိနားလည်ထားပြီးတော့ ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ ငလျင်ဒဏ်ခံလိုက်ရသူက သူတို့ပိုင်ဆိုင်မှုတွေလည်း အနည်းနဲ့အများ ဆုံးရှုံးသွားလိုက်ရတယ်။ တစ်ခါတလေ တစ်အိမ်လုံးပြိုကျ ပျက်စီးသွားတဲ့အခါမျိုးတွေမှာ ရှေ့လျှောက်ဘဝမှာ ဘယ်လိုရပ်တည်နေထိုင်တော့မလဲဆိုတာတွေကိုတွေးရင် စိတ်ဓာတ်တွေကျလာတယ်။ ပြီးတော့ လက်ရှိနေထိုင်ရတာနဲ့ စားမှု၊ သောက်မှုတွေမှာလည်း အဆင်မပြေတာတွေ ကြုံနေရမှာပဲ။ နောက်ထပ်တစ်ခါ ငလျင်ထပ်လှုပ်မှာကိုလည်း ကြောက်ရွံ့တဲ့ စိုးရိမ်စိတ်တွေများနေတတ်ပါတယ်။ နောက်ပိုင်းတွေမှာတော့ အဲဒီစိတ်ဓာတ်ကျတာတွေကိုပဲ ကုသပေးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top