Healthy Life Ad
Q & A

အာခေါင်တွေ ခြောက်လွန်းလို့ပါ . . .

မေး။ ။ ညဘက်ဆို အာခေါင်တွေ အရမ်းခြောက်တာ။ ရေဘူးကိုအနားမှာထားပြီးအိပ်ရပါတယ်။ တစ်ခါတ လေသောက်ရတာ ရေတစ်လီတာကျော်တယ်။ ဆီးချိုရှိလားစစ်တော့လည်း မရှိဘူးတဲ့။ ဆေးခန်းသွားရမှာလည်းကြောက်လို့ပါ။ အသက်ကတော့ ၄၉ နှစ်ပါ။ ကိုယ်အလေးချိန် ၁၅၁ ပေါင်ရှိပါတယ်။

Daw Ni Ni Aye (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ညဘက် တံတွေးဂလင်းကနေ တံတွေးထွက်တာ နည်းလွန်းရင် အာခြောက်တာ ဖြစ်နိုင်ပါတယ်။ ဒါ့ အပြင် စိတ်ဖိစီးမှုများခြင်း၊ တချို့ဆေးများ မှီဝဲထားခြင်း၊ အာခေါင်နဲ့ခံတွင်းဆိုင်ရာ ရောဂါတွေရှိနေခြင်း တို့ကြောင့်လည်းဖြစ်တတ်ပါတယ်။ ရက်တာရှည်ဖြစ် နေရင်တော့ ဆေးရုံ၊ ဆေးခန်းသွားဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top