Healthy Life Ad
Health Tips

မျက်စိညောင်းညာတဲ့ ဝေဒနာ သက်သာစေမည့် အလွယ်ကုထုံး

၊ ငွေကြယ်စင်ယံ ၊

မျက်စိညောင်းညာတဲ့ အဓိကအကြောင်းရင်းတွေကတော့-

မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာခံစားရတာ၊

မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင်ကျိန်းစပ်စပ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်
(၁) ရေခဲသေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက်အိတ်နှစ်အိတ်ကို ယူပြီး မျက်စိပေါ်ကို မိနစ် ၂၀ ကြာတင်ထားပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာတာ သက်သာသွားပါလိမ့်မယ်။

(၂) လောလောလတ်လတ် လှီးဖြတ်ထားတဲ့ သခွားသီးစိတ်ကို မျက်စိပေါ်ကို မိနစ် ၃၀ ကြာတင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

(၃) နှင်းဆီရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာစိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ်အနည်းငယ်ကြာ တင်ပေးပါ။ မျက်ခွံဖောင်းအစ်မှုလျော့ကျစေပြီး လန်းဆန်းသွားပါလိမ့်မယ်။

(၅) ရေခဲသေတ္တာထဲထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ်တင်ပေးရင် မျက်စိ ညောင်းညာမှုလျော့ပါးသွားပါလိမ့်မယ်။

(၆) ရေဓာတ်ခမ်းခြောက်မှုကြောင့် မျက်စိညောင်းညာမှုမဖြစ်အောင် တစ်နေ့လုံးရေများများ သောက်ပေးရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြောပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့နွမ်းနယ်မှု သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top