Healthy Life Ad
Health Tips

နှလုံးကျန်းမာ၊ စိတ်ချမ်းသာစေမည့် နည်းများ

၊ ငွေကြယ်စင်ယံ ၊

နှလုံးကျန်းမာရေးကောင်းမွန်ပြီး စိတ်ဖိစီးမှုလျှော့ချနိုင်ဖို့ရာအတွက် အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်ပါ။

– လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ။ တစ်နေ့မိနစ် ၃၀ ခန့်လမ်းလျှောက်တာကြောင့် စိတ်ခံစားမှုကောင်းပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ သွေးလှည့်ပတ်မှု ကောင်းတဲ့အတွက် နှလုံးကျန်းမာစေပါတယ်။

– ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကွန်ရက်ကို တည်ဆောက်ပါ။ ပရဟိတအလုပ်တွေကိုများများလုပ်ပါ။

– ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို နားလည်သဘောပေါက်ပြီး လုပ်ဆောင်ပါ။ ဘယ်အရာက မြန်မြန်ပြီးရမယ်၊ ဘယ်အရာက စောင့်နိုင်တယ်ဆိုတာ ဆုံးဖြတ်ပါ။ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်တယ် ဆိုရင် တာဝန်အသစ်တွေကို ငြင်းဆန်လိုက်ပါ။

– အကောင်းမြင်ပါ၊ အကောင်းဘက်က တွေးပါ။

– တစ်နေ့တာကုန်ဆုံးသွားချိန်မှာ အဲဒီနေ့တစ်နေ့လုံးမှာ ရရှိခဲ့တဲ့အောင်မြင်မှုကိုရေးမှတ်ထားပါ၊ ဆုံးရှုံးခဲ့တဲ့ အရာ၊ ကျရှုံးခဲ့တဲ့အရာတွေကို ဘယ်တော့မှမမှတ်ပါနဲ့။

– စိတ်အပန်းပြေတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပါ။ တစ်ကိုယ်လုံးအကြောတွေကို တင်းပြီး ပြန် ဖြေလျှော့တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာနဲ့ ထိုက်ချိကစားတာကြောင့် စိတ်အပန်းပြေစေပါတယ်။
– အကူအညီတောင်းပါ။ ဆိုလိုတာက စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်လောက်အောင် ခံစားနေရရင်၊ မူးယစ်ဆေးဝါးတွေကို သုံးချင်စိတ် ဖြစ်ပေါ်လာရင်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုတဲ့ အတွေးတွေ ဝင်လာရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကုသသင့်ပါက ကုမှုခံယူလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top