Healthy Life Ad
Health Tips

သွားများကို ထိခိုက်စေသော အလေ့အထ ခုနစ်သွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်သွားတွေကိုထိခိုက်စေတဲ့ အပြုအမူတွေ ကို နေ့စဉ်သင်လုပ်မိနေပြီလား။ အဲဒီလို အလေ့အ ထတွေကို မသိလိုက်မသိဘာသာ လုပ်မိနေတယ် ဆိုရင် ရှောင်ရှားနိုင်ဖို့လိုပါတယ်။

– ခပ်ကြမ်းကြမ်း သွားတိုက်ခြင်း
သွားတွေကို ခပ်ကြမ်းကြမ်းတိုက်တာကြောင့် သွားကြွေလွှာတွေကိုပါးသွားစေပြီး သွားကျဉ်လွယ်သလို သွားဖုံးတွေလည်း ရောင်ရမ်းစေနိုင်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ သွားတိုက်တံနဲ့ သွားပေါ်မှာ စက်ဝိုင်းပုံလှည့်ကာ အထက်အောက်တိုက်ပေးပါ။

– အက်စစ်ဓာတ်ကဲသော အစာများ စွာစားခြင်း
အချဉ်ဓာတ်လွန်ကဲတဲ့အစာတွေက သွားကြွေလွှာတွေကို ပါးသွားစေနိုင်ပါတယ်။ အဲဒီအခါ အပူနဲ့ အအေးစာတွေစားရင် သွားကျဉ်ပြီး ကိုက်ခဲနိုင်ခြေများပါတယ်။

– သွားဖြူစေသော အရာများ အလွန်အမင်းသုံးခြင်း
သွားတွေ အရောင်ဖြူစေဖို့ ကြေးချွတ်ပစ္စည်းတွေကို အလွန်အမင်းသုံးတာမျိုးဟာ သွားကြွေလွှာကို ပါးလျစေပြီး သွားကျဉ်လွယ်စေပါတယ်။

– အပူစာနှင့် အအေးရောစားခြင်း
ပူနေတဲ့ပီဇာကိုတစ်ကိုက်ကိုက်လိုက်၊ အအေး တစ်ငုံသောက်လိုက် လုပ်နေမိရင် သွားကြွေလွှာပေါ်မှာ ဒေါင်လိုက်အစင်းလေးထင်လာပြီး သွားထိခိုက်တာနဲ့ အစွန်းအထင်းထင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပူစာနဲ့ အအေးကိုရော မစားပါနဲ့။

– သွားကို ပုလင်းအဖုံးဖွင့်ရန်သုံးခြင်း
ပုလင်းအဖုံးတွေကို သွားတွေနဲ့ ကိုက်ဖွင့်တာမျိုးကြောင့် သွားတွေကိုပဲ့ထွက်စေနိုင်ပါတယ်။

– သွားမှန်မှန် မတိုက်ခြင်းနှင့် သွားကြားထိုးကြိုးမသုံးခြင်း
တစ်နေ့နှစ်မိနစ်ခန့်အချိန်ပေးကာ သွားတိုက်ပြီး တစ်နေ့နှစ်ကြိမ် သွားတိုက်သင့်ပါတယ်။ သွားမှန်မှန်မတိုက်ရင် သွားပိုးစားနိုင်ခြေ ပိုများပါတယ်။ သွားကြားထိုးကြိုး သုံးတာနဲ့ သွားတိုက်တာတို့ကိုလည်း လုပ်ဆောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top