Healthy Life Ad
Life Style

အံဆုံးပေါက်လို့နာတာ သက်သာနည်းများ (Wisdom Teeth)

ဒေါက်တာတင့်ဆွေ

Wisdom Teeth အံဆုံးဆိုတာ လူကြီးသွား စုစုပေါင်း(၃၂)ချောင်းထဲက အထက်-အောက်၊ ဘယ်-ညာ နောက်ဆုံးက သွား(၄) ချောင်းကိုခေါ်တာ ဖြစ်တယ်။ တိတိကျကျဆိုရင် တတိယမြောက် အံသွားတွေဖြစ်တယ်။ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်အတွင်း ပေါက်တယ်။ လူဦးရေ ၃၅% မှာ အံဆုံးမပေါက်ကြပါ။ Impacted wisdom teeth အံဆုံးပေါက်မထွက်နိုင်တဲ့ရောဂါဆိုတာ ရှိတယ်။ ဒီလိုဖြစ်တာထဲမှာ မတူတာတွေ ရှိတယ်။

• Mesioangular impaction ဆိုတာ ၄၄% မှာ ဖြစ်တဲ့ အများဆုံးအမျိုးအစားဖြစ်တယ်။ အံဆုံးက ရှေ့ဖက်ဆီကိုငေါထွက်နေတာမျိုး။ အထက်အံဆုံးဆိုရင် နုတ်ရတာအခက်ဆုံးနဲ့ အောက်အံဆုံးဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။

• Vertical impaction ဆိုတာက ၃၈% သွားဖုံး အထက်ကို ထွက်မလာနိုင်တာမျိုး။

• Distoangular impaction ဆိုတာက ၆% အံဆုံးက နောက်ဖက်ဆီကစောင်းထွက်နေတာမျိုး။ အောက်အံဆုံးဆိုရင် နုတ်ရတာအခက်ဆုံး နဲ့ အထက်အံဆုံးဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။

• Horizontal impaction ဆိုတာ ၃% အံဆုံးက ဘေးဖက်ဆီကို ၉၀ ဒီဂရီစောင်းထွက်နေတာမျိုး။

• အထက်အံဆုံးက သွားဖုံးကပွင့်နေပြီး ထွက်မလာနိုင်လို့နုတ်ရရင် အရိုးကို ဖယ်ပေးရတတ်တယ်။

Partial eruption အံဆုံးက အကုန်မထွက်နိုင်ရင်အပေါ်မှာ အဖုံးလိုဖြစ်နေတာကို Operculum ခေါ်တယ်။ သူ့အောက်မှာ ဗက်တီးရီးယားတွေ အောင်းနေနိုင်တယ်။ သွားတိုက်တံနဲ့ လုပ်ပေးတာလဲ မရဖြစ်နေတတ်တယ်။ အပ်မပါတဲ့ ဆေးထိုးပိုက်သုံးပြီး လုပ်နိုင်တယ်။ ပြီးရင် Hydrogen peroxide (H²O²) ဆေးရည်နဲ့ ဆေးပါ။ နီရဲပြီးရောင်နေမယ်။ ပါးစပ်ဟလို့ ခက်မယ်။ ခံတွင်းနံ့ ဆိုးလာမယ်။ Extraction သွားနုတ်ပြစ်ရမယ်။ ဒါမှမဟုတ် Operculectomy ခွဲစိတ်ရမယ်။ ခွဲစိတ်ကာကြောင့် အာရုံကြောကိုထိခိုက်မိရင် လျှာထုံတာ ယာယီဖြစ်နေမယ်။ ကံမကောင်းရင် တစ်သက်လုံး ဖြစ်သွားနိုင်တယ်။ နာတာရှည်ရောင်တာဖြစ်နေတာကို Chronic pericoronitis ခေါ်တယ်။ Paradentalcyst အိတ်လိုလဲ ဖြစ်နိုင်တယ်။

သွားထိခိုက်မိတာ၊ သွားပိုးစားတာ၊ သွေးမလျှောက်လို့သေနေတဲ့သွားတွေကြောင့် သွားပိုးဝင်တာဖြစ်လာနိုင်တယ်။ ပိုးဝင်တာဟာ သွားထဲက Pulp အပျော့လွှာမှာဖြစ်နိုင်တယ်။ သွားအနားက Bone အရိုးမှာလဲ ဖြစ်နိုင်တယ်။ Gum tissue သွားဖုံး(တစ်ရှူး) မှာလဲဖြစ်နိုင်တယ်။

Antibiotics ပဋိဇီဝဆေးတွေက ဗက်တီးရီးယားတွေကိုသေစေနိုင်ပေမဲ့ သေနေတဲ့သွားကိုတော့ သက်ရောက်နိုင်မှာမဟုတ်ပါ။ ဗက်တီးရီးယားတွေက ပဋိဇီဝဆေးယဉ်တာတွေလဲရှိတယ်။ Erythromycin (အရစ်သရိုမိုင်စင်)၊ Metronidazole (မက်ထရိုနိုက်ဒါဇောလ်)၊ Amoxicillin (အမောက်ဆလင်)နဲ့ Cephalosporins (ကက်ဖလိုစပိုရင်) ဆေးတွေကို ပေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top