Healthy Life Ad
Women

အမျိုးသမီးများတွင် လိင်စိတ်လျော့နည်းခြင်း

၊ ငွေကြယ်စင်ယံ ၊

အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် လိင်စိတ်လျော့နည်းမှု ဖြစ်ရတတ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုကြောင့် လိင်စိတ်လျော့နည်းရသော အကြောင်းရင်းများ

– သွေးအားနည်းရောဂါ (ရာသီလာစဉ်အတွင်း သံဓာတ်ဆုံးရှုံးမှုများတာကြောင့် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါပါ။)

– အရက်စွဲခြင်း

– မူးယစ်ဆေးသုံးစွဲခြင်း

– ဆီးချိုသွေးချိုရောဂါတွေလို ရောဂါတွေဖြစ်တာ၊

– ကလေးမွေးပြီး စိတ်ဓာတ်ကျခြင်း(ကလေးမွေးပြီးချိန်မှာ အမျိုးသမီးအများစုဟာ ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး လိင်စိတ်လျော့နည်းရတတ်ပါတယ်။)

– တချို့ဆေးဝါးတွေကို မှီဝဲနေရတာ၊

– Hyperprolactinaemia -(ပီကျူထရီဂလင်း အလုပ်လုပ်လွန်တဲ့ ရှားရှားပါးပါး အခြေအနေကြောင့်လည်း လိင်စိတ်လျော့နည်းရတတ်ပါတယ်)

– တခြားဟော်မုန်းပုံမမှန်ဖြစ်တဲ့ အခြေအနေတွေဖြစ်တာ၊

– သွေးဆုံးတာကြောင့်လည်း လိင်စိတ်လျော့နည်းရတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုကြောင့် လိင်စိတ်လျော့နည်းရသော အကြောင်းရင်းများ

ဒီအကြောင်းရင်းတွေက အမျိုးသမီးတွေမှာ အလွန်အဖြစ်များပါတယ်။ အမျိုးသမီးတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာအခြေအနေဆိုးရွားနေချိန်မှာ Sex ကိစ္စမှာ စိတ်ပါဝင်စားမှုဆုံးရှုံးတတ်ပါတယ်။

– စိတ်ဓာတ်ကျတာ၊

– စိတ်ဖိစီးမှုနဲ့ အလုပ်များတာ၊

– စိတ်ပူပင်သောကများတာ၊

– မွေးကင်းစကလေးတွေကို ထိန်းကျောင်းနေရတာ၊

– အရင်က အကြမ်းဖက်ခံရဖူးတာ၊ အလိုမတူဘဲ ကျူးလွန်ခံရဖူးတာ၊

– အမျိုးသမီးချင်းစွဲလမ်းချစ်ခင်စိတ်ရှိတာ၊

– အိမ်ထောင်ဖက်နဲ့ အိမ်ထောင်ရေးအဆင်မပြေတာ၊

– နေထိုင်ရတဲ့အခြေအနေက အခက်အခဲရှိတာ (ဥပမာ- မိဘ ဒါမှမဟုတ် ယောက္ခမတွေနဲ့အတူ တစ်အိမ်တည်းနေရတာ)စတဲ့ အကြောင်းရင်းတွေကြောင့် အမျိုးသမီးတွေမှာ လိင်စိတ်လျော့နည်းရတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top