Healthy Life Ad
Women

ကိုရီးယားမင်းသမီး ရှင်မင်းအာ၏ ကျန်းမာလှပခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီး ရှင်မင်းအာလို့ပြောလိုက်ရင် ပါးပြင်မှာ ပါးချိုင့်လေးနဲ့ ရွှင်မြူးတဲ့ အပြုံးပိုင်ရှင်တစ်ဦးကို ပြေးမြင်လိုက်မှာပါ။ ရှင်မင်းအာက သူ့ခန္ဓာကိုယ်နဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်နှာလေ့ကျင့်ခန်း

ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်သလိုပဲ မျက်နှာကိုလည်း လေ့ကျင့်ခန်းလုပ်ပေးပါတယ်။ အေ၊ အီး၊ အိုင်၊ အို၊ ယူ စတဲ့ အင်္ဂလိပ်စာလုံးတွေကို အသံထွက်ပေးရင် မျက်နှာအသားအရေမှာ သွေးလှည့်ပတ်မှုကောင်းစေပါတယ်။

(၂) ခရင်မ်များ

မျက်နှာသစ်တော့မယ်ဆိုရင် မျက်နှာသန့်စင်ခရင်မ်နဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ဆတူလိမ်းပေးပါ။ ပြီးမှရေဆေးချပါ။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်ပေးရုံသာမက ရေဓာတ်ပြည့်ဝစေပါတယ်။

(၃) ငြိမ်းချမ်းခြင်း

စိတ်ဖိစီးမှုမများအောင်နေတဲ့အတွက် မျက်နှာမှာလည်း ငြိမ်းချမ်းနေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ခံစားမှုကောင်းစေပါတယ်။

(၄) အစားအသောက်

ကိုရီးယားရိုးရာအစားအသောက်မှာ ကင်မ်ချီ၊ ကန်စွန်းဥ၊ အမဲသား၊ ပင်လယ်စာ၊ ကြက်သား၊ ဝက်သား၊ ရာသီပေါ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေများစွာပါဝင်ပါတယ်။ ဒါတွေက အကျိုးပြုဘက်တီးရီးယားပါတဲ့အတွက် အစာကြေစေပြီး အူလမ်းကြောင်းကျန်းမာစေပါတယ်။ အသားအရေကိုလည်း လှပစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top