Healthy Life Ad
Q & A

နာတာရှည် ရောဂါရှင်တို့ တုပ်ကွေးကင်းစင်ဖို့

မေး ။ နာတာရှည်ရောဂါရှိသူတွေအတွက် တုပ်ကွေးပိုး ကာကွယ်ရေးမှာ ဘယ်လို အချက်တွေကို အထူးလိုက်နာသင့်ပါသလဲ ဆရာ။
ဦးလှထွန်း၊ ဒေါပုံ။

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ပြင်ပ ကူးစက်ပိုးတစ်ခုခု ဝင်လာရင် ခန္ဓာကိုယ်က ပြန်တိုက်ပါတယ်။ လူက ကျန်းမာတယ်၊ ကိုယ်လက် လှုပ်ရှားမှု များများလုပ်တယ်၊ အသီးအရွက်၊ သစ်သီးဝလံများများစားတယ် . . ကိုယ်ခံအားစနစ် ကောင်း တယ်ဆိုရင် တုပ်ကွေး ဝင်လာပစေဦး၊ သာမန်နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာလောက်နဲ့ ပြီးသွားပါတယ်။ ဆီးချို၊ ကင်ဆာ၊ ကင်ဆာကုသမှု ခံယူနေသူ စတဲ့ လူနာတွေနဲ့ ကျန်းမာရေးနဲ့ အညီ မနေတဲ့သူတွေ (ဥပမာ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များတာ) က ကိုယ်ခံအားစနစ် သိပ်မကောင်းတတ်ဘူး။ ဒီလိုလူတွေမှာ ပိုးဝင်ရင် ပိုခံစားရတတ်တယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်မြင့်တက်စေတဲ့ မုန်လာဥနီဖျော်ရည်၊ ချင်း(ဂျင်း)ပြုတ်ရည်စတာတွေကိုလည်း သောက်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရရှိထားတယ်၊ အိပ်ရေးဝ၀ အိပ်တယ်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ထားတယ်ဆိုရင် မတော်တဆ ပိုးဝင်ခဲ့ရင်တောင် ကိုယ်ခံအားစနစ် ကောင်းနေတဲ့အတွက် ခံနိုင်ရည်ရှိနေမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top