Healthy Life Ad
Men

လိင်အင်္ဂါအကိုက်ခံရခြင်း . .

မေး. မင်္ဂလာပါဗျ. . .ကျွန်တော့်သူငယ်ချင်းအသက်က ၂၉နှစ်ပါဗျ။ သူငယ်ချင်းရဲ့ လိင်အင်္ဂါထိပ်ကို အလိုမတူပဲ တခြားတစ်ယောက်ကကိုက်တာကို လွန်ခဲ့တဲ့ ၁၆ရက်လောက်ကတည်းက ခံခဲ့ရပါတယ်။ အကိုက်ခံရတဲ့ လိင်အင်္ဂါထိပ်မှာ အကိုက်ခံရတဲ့ဒဏ်ရာလေးဖြစ်နေပြီး အကိုက်ခံရတဲ့အချိန်မှစ၍ အခုအချိန်ထိပျောက်ကင်းနိုင်ခြင်းမရှိဘဲ စပ်ပြီးနာနေတဲ့ ဝေဒနာခံစားနေရပါတယ်။ အဲဒီဝေဒနာပျောက်ကင်းအောင် ဘယ်လိုပြုမူနေထိုင်ရပါ့မလဲဗျ။ ဘယ်လိုဆေးတွေ လိမ်းသင့်၊ သောက်သင့်ပါသလဲဗျ။ ဘယ်လိုအချက်တွေရှောင်ပြီး ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ။
HMM (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. လိင်အင်္ဂါမှာအကိုက်ခံရတဲ့ ဒဏ်ရာအနေအထားပေါ်မူတည်ပါတယ်။ သိပ်မများရင် အကြောင်းမဟုတ်ပေမယ့် ရောင်ကိုင်းနေတယ်၊ နာကျင်နေတယ်၊ သွေးထွက်နေတယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်း ပြသဖို့လိုပါတယ်။ ကိုက်တဲ့သူမှာ ရောဂါရှိမရှိဆိုတာကိုပါ ထည့်စဉ်းစားဖို့လိုတာကြောင့် အဖြစ်မှန်တိုင်းပြောပြပြီး ဆရာဝန်ကို ပြသဆွေးနွေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top