Healthy Life Ad
Health Tips

ပိုးဟပ်အကိုက်ခံရလျှင် သက်သာအောင် ဘယ်လို လုပ်နိုင်သလဲ . . .

၊ ဇွန်ခိုင်ဦး ၊(ဆေးဝါးတက္ကသိုလ်)

ပိုးဟပ်အကိုက်ခံရတဲ့အခါ ကြောက်လန့်သွားတတ်ပါတယ်။ မကောင်းတဲ့သတင်းက ပိုးဟပ်အကိုက်ခံရတဲ့အခါ ကူးစက်ပိုးဝင်ပြီး ဘက်တီးရီးယားပိုးများစွာ ကပ်ငြိတတ်ပါတယ်။ ဒါ့အပြင် ပိုးဟပ်အကိုက်ခံရရင် ရောင်ရမ်းနာကျင်တဲ့ ဒဏ်ရာ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ ရှေးဦးကုထုံးအနေနဲ့ သက်သာရာရအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

ဆပ်ပြာနှင့် ရေသုံးပြီး သန့်စင်ပါ
ပိုးဟပ်အကိုက်ခံရတဲ့ နေရာကို ဘက်တီးရီးယား ပိုးသတ်ဆပ်ပြာနဲ့ ရေသုံးပြီး သန့်စင်ဆေးကြောပါ။

အရက်ပြန် သုတ်လိမ်းပါ
ပိုးဟပ်အကိုက်ခံရတဲ့ အရေပြားပိုးဝင်ခြင်းမဖြစ်စေဖို့ အရက်ပြန်သုတ်လိမ်းပေးပါ။

ဆော်ဒါမှုန့်ပျစ်ပျစ် လိမ်းပါ
ပိုးဟပ်အကိုက်ခံရတဲ့ အရေပြားဒဏ်ရာပေါ်မှာ ဆော်ဒါမှုန့်ကို ရေရောပြီး ရလာတဲ့ ခပ်ပျစ်ပျစ်အရည်ကို သုတ်လိမ်းပေးပါ။ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အပြင် ယားယံတာနဲ့ရောင်ရမ်းတာကို သက်သာစေပါတယ်။

ကြက်သွန်နီ လိမ်းပါ
ကြက်သွန်နီမှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းနဲ့ပိုးသတ်အစွမ်းရှိပါတယ်။ ပိုးဟပ်ကိုက်တဲ့ဒဏ်ရာကို ကြက်သွန်နီပါးပါးပွတ်လိမ်းပေးပါ။ ပိုးကင်းစင်ပြီး ရောင်ရမ်းမှုလျော့ကျစေပါတယ်။

ငှက်ပျောခွံလိမ်းပြီး နှိပ်ပါ
ပိုးဟပ်ကိုက်တဲ့ ဒဏ်ရာပေါ်ငှက်ပျောခွံလိမ်းပြီး နှိပ်နယ်ပေးပါ။ နာကျင်ရောင်ရမ်းနီမြန်းတဲ့ ဝေဒနာသက်သာစေပါတယ်။

ရေအေးဝတ်ကပ်ပါ
ပိုးဟပ်အကိုက်ခံရတဲ့ အရေပြားဒဏ်ရာက နီမြန်း၊ နာကျင်ပြီး ယားယံနေရင် ရေအေးဝတ်ကပ်ပေးပါ။ မိနစ်အနည်းငယ်ကြာရင် သက်သာသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top