Healthy Life Ad
Health Tips

ကိုယ်အလေးချိန်ကျလိုလျှင် အခွံမာအစေ့အဆန်စားပါ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဝနေတဲ့သူတွေအတွက် ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ်အလေးချိန်လျော့ကျချင်တယ်ဆိုရင် အခွံမာအစေ့အဆန်တွေကို ထည့်စားပေးပါ။

လူဝီစီယားနားပြည်နယ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ နေ့စဉ်နေ့တိုင်း အခွံမာအစေ့အဆန်တွေကို စားလေ့ရှိသူတွေက အဝလွန်နိုင်ခြေ ၂၅ ရာခိုင်နှုန်း နဲ့ ခါးတုတ်နိုင်ခြေ ၂၁ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ သိရပါတယ်။

အခွံမာသီးတွေစားရင် ကောင်းတဲ့ ကိုလက်စထ ရောအဆင့်မြင့်တက်ပြီး ခန္ဓာကိုယ်အလေးချိန် လျော့ကျမှုရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အခွံမာအစေ့အဆန်တွေမှာ အပင်ထွက် ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီ စတာတွေ ပါဝင်တာကြောင့် ကျန်းမာရေး နဲ့ ညီညွတ်တဲ့အပြင် အစာစားချင်စိတ်ကို ထိန်းချုပ် ပေးတဲ့အတွက် အစာတွေကို အပိုမစားဖြစ်တော့ပါဘူး။ ဒါကြောင့် အစာကို နည်းနည်းစားရုံနဲ့ အာဟာရဖြစ်ပြီး ဗိုက်ပြည့်လွယ်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်တာ ဖြစ်ပါတယ်။

“တစ်နေ့မှာ အခွံမာသီး ငါးစေ့-၁၀ စေ့ခန့် စားပေးရုံနဲ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ စွမ်းအင်တွေများစွာ ရရှိပြီး တစ်နေ့လုံး ကျန်းမာအားပြည့်နေစေပါတယ်”လို့ အာဟာရပညာရှင်တွေကလည်း ဆိုပါတယ်။ဒါကြောင့် သရေစာစားချင်ရင် သစ်ကြားသီး၊ အယ်လ်မွန်သစ်စေ့၊ သီဟိုဠ်စေ့ စတဲ့ အခွံမာအစေ့ အဆန်တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top