မေး. ရာသီလာတာ ဗိုက်အောင့်တယ်။ ခြေ၊ လက်အေးတယ်။ ပြီးတော့ ချွေးစိမ့်ထွက်တယ်။ ဘာတွေလုပ်ရမှာလဲ။ မဖြစ်အောင် ဘာလုပ်သင့်လဲ။ ဆေးနည်းလေးပြောပြပါလား။
Jay Chou (FB)
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တာတွေ ဖြစ်တတ်ပါတယ်။ သဘာဝပါ။ နာကျင်တာသက်သာအောင် အကိုက်အခဲပျောက်ဆေးသောက်တာမျိုး ဗိုက်ကို မပူလွန်းတဲ့ ရေနွေးဝတ်၊ ရေနွေးအိတ် ခဏကပ်ပေးတာမျိုး လုပ်နိုင်ပါတယ်။ ထူးထူးခြားခြား နာကျင်လွန်းနေရင်တော့ ဆေးရုံ၊ ဆေးခန်းပြသစေလိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)