Healthy Life Ad
International

အမျိုးသမီးတစ်ယောက်၏ ဝမ်းဗိုက်ထဲမှ သည်းခြေကျောက် အလုံး ၂၀ဝ ဖယ်ရှားခဲ့ရ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၄၅ နှစ်အရွယ် ချန်အမည်ရ အမျိုးသမီးဟာ ဝမ်းဗိုက်အောင့်ဝေဒနာကို ၁၀ နှစ်ကျော်ကြာ ခံစားနေခဲ့ရပေမယ့် ခွဲစိတ်ခံရမှာ ကြောက်တာကြောင့် ဆေးရုံသို့ သွားရောက်မပြသခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ ဟက်ဇူရှိဂွမ်ဂျီး ဆေးရုံသို့သွားရောက်ပြသခဲ့ပါတယ်။

စစ်ဆေးချက်အရ နှစ်ပေါင်းများစွားဖွဲ့တည်နေတဲ့ သည်းခြေကျောက်အများအပြားရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်တွေက ချန်ရဲ့ သည်းခြေနဲ့ သည်းခြေပြွန်တွေထဲမှ ကျောက်အလုံး ၂၀ဝ ကျော်ကို ဖယ်ရှားပေးခဲ့ရပါတယ်။ အများစုက သေးငယ်ကြပေမယ့် တချို့ကျောက်တွေက ဥတစ်လုံးအရွယ်အစားလောက်ရှိကြပါတယ်။

ချန်က မနက်စာ မစားတာ ၈ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး အလုပ်ကအပြန် ပင်ပန်းလာတဲ့အခါမျိုးမှာ ညစာဖြစ်သလို စားတတ်ကြောင်းသိရပါတယ်။ သူရဲ့စားသောက်ပုံမမှန်တာကြောင့် သည်းခြေရည်တွေ စုစည်းကာ ကျောက်တွေအဖြစ် အသွင်ပြောင်းသွားတာဖြစ်နိုင်ကြောင်း ဆရာဝန်တွေက ယူဆနေကြပါတယ်။ သည်းခြေထဲမှ သည်းခြေရည်တွေဖွဲ့စည်းမှု မညီမမျှဖြစ်တဲ့အခါ သည်းခြေကျောက်တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် သည်းခြေရည်ထဲမှာ ကိုလက်စထရောပါဝင်မှုများတဲ့အခါမျိုးမှာပါ။ အများအားဖြင့် ရောဂါလက္ခဏာမပြသကြပေမယ့် ကျောက်တွေက သည်းခြေပြွန်မှာ ပိတ်ဆို့တဲ့အခါမျိုးမှာ ပြင်းပြင်းထန်ထန် ဗိုက်နာတတ်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top