Healthy Life Ad
Health Tips

ခြေထောက်အသားမာတက်ခြင်းနှင့် အရည်ကြည်ဖုကို ညတွင်းချင်း ဖယ်ရှားနိုင်မည့် နည်းလမ်းကောင်း

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လှပကြည့်ကောင်းတဲ့ ဒေါက်ဖိနပ်၊ ရှူးဖိနပ်တွေစီးတဲ့အခါ ခြေထောက် အသားမာတက်တာနဲ့အရည်ကြည်ဖုထ တာတို့လို ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်းကတော့ ဒီပြဿနာနှစ်ခုစလုံးကို အလွယ်တကူ ကုသ ပျောက်ကင်းနိုင်တာပါပဲ။

* ခြေထောက်အရည်ကြည်ဖုကို ဘယ်လိုကုမလဲ
အရည်ကြည်ဖုက သေးငယ်ရင် အကောင်းဆုံးနည်းက လုံးဝ မထိမိဖို့နဲ့ မဖိမိဖို့ပါပဲ။ အရည်ကြည်ဖု ထနေချိန် မှာတော့ ရိုးရှင်းတဲ့ ဖိနပ်ပြောင်းစီးသင့်ပါတယ်။ ဒါမှသာ တစ်ရက် ဒါမှမဟုတ် နှစ် ရက်အတွင်း ပျောက်သွားမှာပါ။
အရည်ကြည်ဖုကကြီးလွန်းရင် အခြေကို ဖောက်ပြီး အရည်ညှစ်ထုတ်လိုက်ပါ။ အရေပြားကိုမခွာပါနဲ့။ ပိုးသတ်ဆေး (Antiseptic) လိမ်းပြီး လေသလပ်ခံ ထားလိုက်ပါ။

ခြေထောက်အရည်ကြည်ဖု အနာ ကျက်စေမယ့် နည်းလမ်းကောင်းရှိပါ တယ်။ အဲဒါတွေကတော့-
(1)- ဆား – ဆားလက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ကျိုထားတဲ့ ရေ တစ်လီတာတို့ကို ရောမွှေပြီး ခြေထောက်ကို စိမ်ပေး၊ ဆေးပေးပါ။

* ခြေထောက်အသားမာကို ဘယ်လိုကုမလဲ
ခြေထောက်အသားမာက အဖြစ် များပါတယ်။ အများအားဖြင့် ကြေးတွန်း ကျောက်လေး၊ ဘရပ်ရှ်လေးနဲ့ အလွယ်တကူ ဖယ်ရှားလိုက်ရုံနဲ့ အသားမာကို ဖယ်ရှားနိုင်ပါတယ်။ ပြီးရင် ခြေထောက်မှာ ခရင်မ်လိမ်းပေးဖို့တော့ မမေ့ပါနဲ့။

(1)- ရှာလကာရည်နှင့်ရေ – ရှာလကာရည်နဲ့ ရေကို ဆတူရောပြီး အိပ်ရာဝင် ခါနီးမှာ ခြေထောက်အသားမာပေါ်လိမ်း ပါ။ ပြီးရင် ပတ်တီးစည်းပြီးအိပ်ပါ။ မနက် ခင်းမှာ အလွယ်တကူကွာကျသွားပါလိမ့်မယ်။

(2)- သံပရာရည် – ခြေထောက်အသား မာပေါ်ကို သံပရာရည်ပွတ်လိမ်းပေးပါ။ အိပ်ရာမဝင်ခင် ဆားရေစိမ်တာကို သုံး လေးရက်လောက် ဆက်တိုက်ပြုလုပ်ပေးရင် အသားမာကင်းစင်သွားပါလိမ့်မယ်။

(3)- ရှားစောင်းလက်ပပ် – ရှားစောင်း လက်ပပ်အနှစ်သားကို အသားမာနေရာ မှာ သုတ်လိမ်းပြီး ပတ်တီးစည်းထားပါ။ အသားမာက ၁၂ နာရီအတွင်း ပျော့ပျောင်းကာ အလွယ်တကူ ဖယ်ရှားနိုင်ပါလိမ့်မယ်။

(4)- ဆော်ဒါမှုန် – ဆော်ဒါမှုန့်ကို ရေနွေး ထဲစိမ်ပြီး ခြေထောက်ကို အချိန် ၁၅ မိနစ် ခန့်စိမ်ပေးပါ။ ပြီးရင် ကြေးတွန်းကျောက်နဲ့ အလွယ်တကူ ပွတ်တိုက်ပေးရင် အသာမာ ပျော့ပျောင်းကင်းစင်သွားပါလိမ့်မယ်။

[Unicode]
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top