Healthy Life Ad
Q & A

ခြေဖဝါးမှာ ကြွက်နို့ထွက်လို့ . . .

မေး။ ။ ခြေဖဝါးမှာ ကြွက်နို့ထွက်လို့ ဘယ်လိုကုရမလဲရှင်။
htarpyaythu

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ကြွက်နို့က ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အသားရောင် ခပ်မာမာအဖုပါ။ တကယ်လို့ လက်မှာကြွက် နို့ပေါက်ရင် လက်နဲ့ထိတွေ့တဲ့ အရေပြား နေရာတွေကို ကူးတတ်ပါတယ်။ ကြွက်နို့ပေါက်တဲ့အခါ တခြားသူကို မကူးစက်အောင် လက်သုတ်ပဝါက အစ သီးသန့် ခွဲခြားအသုံးပြုသင့်ပါတယ်။ ကြွက်နို့အဖုကို လိမ်းဆေးလိမ်းရုံနဲ့ သက်သာနိုင်ပါတယ်။ သိပ်ကြီးနေရင် ထုံဆေးတို့ပြီး ခြစ်ထုတ်ပစ်နိုင်ပါတယ်။ပွားရင် ကြည့်ရဆိုးလို့ အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top