Healthy Life Ad
Q & A

ရာသီအကြိုဝေဒနာသက်သာစေမည့် စားသောက်နည်း

မေး။ ။ ရာသီအကြိုဝေနာသက်သာအောင် ဘယ်လိုနေ ထိုင်စားသောက်သင့်ပါသလဲ။
နွေးနွေး၊ ချောက်မြို့။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ ရာသီအကြိုဝေဒနာမဖြစ်အောင် ရာသီလာခါနီးမှာ ဟင်းအနှစ်တွေ များများစားတာကို ရှောင်သင့်ပါတယ်။ အဆီတွေရှောင်သင့်ပါတယ်။ ကလီစာတွေ စားတာကိုလည်းရှောင်ရမယ်။ ပြီးတော့ ဝက်ဦးနှောက်၊ ကြက်ဦးနှောက်၊ ငါးဦးနှောက် စတာတွေ ကိုလည်းမစားသင့်ပါဘူး။

ရာသီများများ လာတတ်တဲ့သူတွေက ခရမ်ဘယ်ရီသီး(Cranberry) စားလို့ရပါတယ်။ ဆေးဆိုရင်လည်း အခုနောက်ပိုင်းမှာ ခရမ်ဘယ်ရီနဲ့ ပတ်သက်တဲ့ ဆေးတွေရှိတယ်၊ မှီဝဲလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top