Healthy Life Ad
Q & A

သွေးကင်ဆာရှိသူ အမဲသားရည်သောက်လို့ရသလား

မေး. ကျွန်မက သွေးကင်ဆာဝေဒနာသည်ပါ။ ဆေးသွင်းပြီးတာ ခြောက်လရှိပါပြီ။ အခုတစ်လတစ်ကြိမ် သွေးစစ်ပါတယ်။ အဖြေကတော့ ပုံမှန်ပါရှင်။ အစားအသောက်လေးသိချင်လို့ပါရှင်။ ကျွန်မစဖျားတုန်းက သွေးနီဥ တအားကျနေပါတယ်။ အဲဒီတုန်းက အမဲသားရည်ကို နေ့တိုင်းသောက်ခဲ့ပါတယ်။ အမဲသားက သွေးအားကောင်းတယ်ဆိုလို့ပါ။ တချို့ကင်ဆာဝေဒနာသည်တွေ အနီရောင်သားမစားနဲ့လို့ပြောလို့ပါ။ အကြံလေးပေးပါဦးရှင်။
Hanlin Chan (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးကင်ဆာပဲဖြစ်ဖြစ်၊ ဘယ်လိုကင်ဆာမျိုးပဲဖြစ်ဖြစ် ကင်ဆာဖြစ်နေချိန်မှာ အစာအာဟာရကိုမျှတအောင် စားသောက်ဖို့ အရေးကြီးပါတယ်။ တချို့က ကင်ဆာဖြစ်နေရင် အချိုပါတဲ့ အစားအသောက်တွေမစားနဲ့လို့ ထင်နေတာမှားပါတယ်။ စွမ်းအင်လိုအပ်နေတဲ့အတွက် အချိုကိုလည်း စားသင့်ပါတယ်။ ပရိုတင်းဆိုလည်း စားသင့်ပါတယ်။ ဆိတ်သား၊ အမဲသားတို့လို အနီရောင်အသားတွေကို စွပ်ပြုတ်ရည်လုပ်ပြီး သောက်ပေးသင့်ပါတယ်။ ကျန်တဲ့ ကြက်သား၊ ငါးတို့လို အဖြူရောင်အသားတွေကို များများစားပေးသင့်ပါတယ်။ အသီးအရွက်ကိုလည်းစားပေးရပါမယ်။ ပြောရမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို မျှမျှတတစားပေးရပါမယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်စတာတွေကို အစုံအလင်စားပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top