Healthy Life Ad
Q & A

သွေးတိုးသမား အမဲသားမစားရဆိုတာမှန်သလား

မေး ။ သွေးတိုးသမားတွေ အမဲသား(နွားသား) မစားရဘူးဆိုတာ ဟုတ်ပါသလားဗျ။
အောင်စိုး (Fb)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ သွေးတိုးသမားတွေ အမဲသားစားလို့တော့ ရပါတယ်။ ဒါပေမဲ့ အသားဟင်းချက်ရင် ဆားတွေနဲ့ အများကြီး နယ်တာကို သတိထားရပါမယ်။ အသားနဲ့ မဆိုင်ပါဘူး။ အသားကို မချက်ခင်ဆားနဲ့ အများကြီး နယ်တာကို ရှောင်ရပါမယ်။ ပြီးတော့ အသားတွေကို မြန်မာလူမျိုးအများစုက ဟင်းအနှစ်တွေနဲ့ ချက်စား ကြတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆားစတာတွေနဲ့ ဟင်းအနှစ်တွေလုပ်ပြီး စားမယ်ဆိုရင် သွေးတိုးသမားတွေအတွက် လုံးဝမသင့်တော်ပါဘူး။

အမဲသားပြုတ်ပြီး ခေါက်ဆွဲလေးနဲ့ ဟင်းချိုရည် လုပ်သောက်ရင် စားလို့ရပါတယ်။ ဆီလည်း မပါသလောက်၊ ဆားလည်း မပါသလောက် နည်းတော့ အဆင်ပြေတယ်။ ဖြစ်နိုင်ရင် အမဲသားကို ပြုတ်စားတာ အကောင်းဆုံးဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top