Healthy Life Ad
Q & A

အိုမီဂါ ၃ ဖက်တီးအက်စစ် မှီဝဲသင့်မသင့်

မေး ။ အိုမီဂါ ၃ ဖက်တီးအက်စစ်မှာ ဘာကောင်းကျိုး ရှိပါသလဲ။ အရွယ်မရွေး မှီဝဲနိုင်ပါသလား။
ဦးသန်းအေး၊ တာမွေ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်

ဖြေ ။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်က ဦးနှောက်ဖွံ့ဖြိုးမှု စတင်ဖြစ်ပေါ်တဲ့ အရွယ်ကတည်းက လိုအပ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက သူ့မိခင်ကိုယ်ဝန်စဆောင်တဲ့အချိန်ကတည်းက စတင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တာနဲ့ မိခင်ဟာ အိုမီဂါ ၃ ဖက်တီးအက်စစ် များတဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။ သဘာဝအားဖြင့် တိုဟူးထဲမှာ ပါတယ်။ ကြယ်ပဲစေ့မှာ အိုမီဂါ ၃ဖက် တီးအက်စစ် အများဆုံး ပါဝင်ပါတယ်။ ကြယ်ပဲစေ့ ငါးစေ့လောက် စားပေးရင် လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကိုရရှိနိုင်ပါတယ်။ ကြယ်ပဲဆီသုံးပေးလည်း ရပါတယ်။ ငါးဒန်စားရင်လည်း အိုမီဂါ ၃ ဖက် တီးအက်စစ် ရရှိပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ် မရှိဘဲနဲ့ ကလေးတစ်ယောက်က ဦးနှောက်ဖွံ့ဖြိုးမှု မရနိုင်ပါဘူး။ ကြီးတဲ့အရွယ်မှာ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသောက်ပေးရင်ကောင်းတဲ့ ကိုလက်စထရောကို များစေပြီး မကောင်းတဲ့ ကိုလက်စထရောကို ကျစေပါတယ်။ ဒါကြောင့် အရွယ်မရွေးအတွက် ကောင်းကျိုး ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top