Healthy Life Ad
Q & A

နွားနို့သောက်မယ်ဆိုရင် . . .

မေး ။ နွားနို့ကို ညဘက်သောက်တာ ကောင်းလား၊ မနက်သောက်တာ ကောင်းပါသလား၊ နွားနို့ထဲက မ လိုင်တွေကိုပါ သောက်လို့ရပါသလား၊ နွားနို့ထဲကို ဆားထည့်သောက်တာနဲ့ သကြားထည့်သောက်တာကကော ဘယ်ဟာက ပိုကောင်းပါသလဲ။
ဒေါ်မြိုင်၊ တောင်ကြီး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ဖြေ ။ နွားနို့က ညဘက်လည်း သောက်လို့ရပါတယ်၊ မနက်သောက်လို့လည်းရပါတယ်။ ညတစ်ခွက်၊ မနက် တစ်ခွက်သောက်တာတော့ အကောင်းဆုံးပါပဲ။ ငယ်တဲ့အရွယ်ဆိုရင် ဥပမာ ၁၆ နှစ်အောက်လောက်ဆို ရင် မလိုင်ပါတဲ့ နွားနို့ကိုသောက်လို့ရပါတယ်။ အသက် ၃၅ နှစ်အထက်ဆိုရင် မလိုင်တွေကို ထည့်မ သောက်သင့်တော့ပါဘူး။ ဖြစ်နိုင်ရင် နွားနို့ကို ဆားလည်း မထည့်နဲ့၊ သကြားလည်း မထည့်ဘဲနဲ့ ဒီအတိုင်း ကျိုပြီး သောက်တာက အကောင်းဆုံး ဖြစ်ပါတယ်။
ကလေးအရွယ်ကစပြီး အသက်ကြီးတဲ့အရွယ်အထိ နွားနို့သောက်တာ ကောင်းပါတယ်။ နွားနို့ သောက်တာကို ရပ်မပစ်သင့်ပါဘူး။ အားကစားသမားတွေဆိုရင်လည်း နွားနို့ကို ပုံမှန်သောက်ပေးသင့်ပါတယ်။ တစ်ရက် နှစ်ခွက်သောက်တာ ပိုကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top