Healthy Life Ad
Health Tips

ခေါင်းကိုက်ခြင်းကို ရှောင်လွှဲနိုင်မည့် စိတ်ဝင်စားဖွယ်ရာ အချက်များ

၊ ငွေကြယ်စင်ယံ ၊

လူတွေမှာ အဖြစ်များဆုံး နာကျင်ကိုက်ခဲတဲ့ ဝေဒနာထဲမှာ ခေါင်းကိုက်တာလည်း ပါဝင်နေပါတယ်။

သွားမကြိတ်သင့်ပါ
အစာစားတဲ့အခါကလွဲရင် သွားတွေကို ကြိတ်နေတတ်တဲ့ အကျင့်မလုပ်သင့်ပါဘူး။ သွားတွေကို မကြာခဏကြိတ်ဝါးနေတာကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာဖြစ်တတ်ပါတယ်။

မျက်ခုံးပင့်တတ်သည့်အကျင့်ကို ဖျောက်ပါ
မကြာခဏ မျက်ခုံးပင့်တတ်တဲ့ အကျင့်ရှိရင် ရပ်လိုက်ပါ။ ဒီအကျင့်ဟာ ခေါင်းကိုက်ဝေဒနာကို တိုးစေနိုင်ပါတယ်။

ခေါင်းကိုက်သည့်နေရာများကို နှိပ်နယ်ပါ
ခေါင်းကိုက်တဲ့အခါ တောင့်တင်းနေတတ်တဲ့ ကြွက်သားနေရာတွေကို နှိပ်နယ်ပေးတာကြောင့် ကြွက်သားပြေလျော့ပြီး သက်သာရာရစေပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ
ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းကို အစားထိုးနိုင်တဲ့အရာ မရှိပါဘူး။ လေ့ကျင့်ခန်းလုပ်တာကြောင့် ကျန်းမာရေးပြဿနာအများစုကို ဖြေရှင်းပေးနိုင် ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဆေးတစ်လက်ဖြစ်ပြီး လေ့ကျင့်ခန်းကိုပုံမှန်လုပ်လိုက်တာနဲ့ ခေါင်းကိုက်ဝေဒနာသက်သာလျော့ပါး သွားမှာ ဖြစ်ပါတယ်။

ရေသောက်ပါ
ရေသောက်တာကြောင့် ခေါင်းကိုက်ဝေဒနာ ကင်းစင်စေပါတယ်။ ခေါင်းကိုက်တာက ရေဓာတ်ခမ်းခြောက်တာကြောင့်ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top