Healthy Life Ad
Health Tips

အာသီးရောင်ခြင်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မတူညီတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့် အာသီးရောင်တတ်ပါတယ်။ စတပ်ပတို ကော့ကပ်စ်ဘက်တီးရီးယားပိုးကြောင့် အဖြစ်များပါတယ်။ အာသီးရောင်တဲ့အခါဖြစ်တတ်တဲ့လက္ခဏာ တွေကတော့-

လည်ချောင်းနာခြင်း၊

အာသီးနီမြန်းနေခြင်း၊

အစာမျိုရခက်ခဲခြင်း၊ အစာမျိုတိုင်း နာကျင်ခြင်း၊

အသံနာခြင်း၊

ခံတွင်းအနံ့ဆိုးထွက်ခြင်း၊

ဖျားခြင်း၊

ချမ်းတုန်ခြင်း၊

ခေါင်းကိုက်ခြင်း၊

လည်ပင်းနဲ့ မေးရိုး တောင့်တင်းခြင်းတို့ ဖြစ်ပါတယ်။

အာသီးရောင်တာက ကူးစက်တတ်တဲ့ ရောဂါဖြစ်တယ်ဆိုတာကို သတိရသင့်ပါတယ်။ ကုသမှုမခံယူရင် အလယ်နားကူးစက်ပိုးဝင်တာ၊ ရူမတွိုက်အဖျားရောဂါ၊ အသက်ရှူလမ်းကြောင်း ပိတ်ပြီးအိပ်တဲ့အခါ ဟောက်တာတို့ဖြစ်တတ်ပါတယ်။

အာသီးရောင်ခြင်းအတွက် အိမ်တွင်းကုထုံးများ
အာသီးရောင်တဲ့အခါ ဆေးကုသမှုအနေနဲ့ အာသီးခွဲစိတ်တဲ့ ကုထုံးနဲ့ ပဋိဇီဝပိုးသတ်ဆေးပေးတဲ့ ကုထုံးတွေကို သုံးလေ့ရှိပါတယ်။ ဆရာဝန်ဆီ မသွားနိုင်သေးချိန်မှာ အာသီးရောင်တာ သက်သာစေဖို့ အောက်ပါသဘာဝနည်းတွေနဲ့ ကုသနိုင်ပါတယ်။

သံပရာရည်
သံပရာရည်သောက်တာကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင်စီရရှိစေပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပရာရည်ထဲ သကြားနည်းနည်းထည့်ပြီး သောက်ရပါမယ်။

ပျားရည်
ပျားရည်မှာ ပိုးသတ်အာနိသင်ရှိတဲ့အတွက် အာသီးရောင်ရင်သုံးနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ထဲ ပျားရည်စစ်စစ် ထမင်းစားဇွန်းလေးဇွန်းထည့်ပြီး တစ်နေ့ ၂-၃ကြိမ် သောက်ပေးပါ။

နနွင်းမှုန့်
နွားနို့ပူပူတစ်ဖန်ခွက်ထဲ နနွင်းမှုန့်တစ်တို့ခန့် ထည့်ပြီး သောက်လိုက်ရင် အာသီးရောင်တာကို သက်သာစေပါတယ်။ နနွင်းမှုန့်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။

ချင်း(ဂျင်း)လက်ဖက်ရည်
ချင်းလက်ဖက်ရည်က အာသီးရောင်တာကို သက်သာစေပါတယ်။ ချင်း(ဂျင်း)ဟာ ရောင်ရမ်းမှုကို လျော့ကျစေပြီး ပိုးမွှားပေါက်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ ရေနွေးတစ်ခွက်ထဲ ချင်း(ဂျင်း)စိတ် အနည်းငယ်ကိုထောင်းပြီး နှပ်ကာ သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top