Healthy Life Ad
Health Tips

သင့်နှုတ်ခမ်း ရောင်ရမ်းနေသလား

သင့်ရဲ့ အပေါ်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း ဒါမှမဟုတ် နှုတ်ခမ်းနှစ်လွှာစလုံးက အရေပြားတွေထူထဲပြီး ခြောက်သွေ့တာ၊ အဖတ်တွေလန်တာနဲ့ ကွာကျတာတို့ဖြစ်တဲ့ အခြေအနေကို နှုတ်ခမ်းရောင်ရမ်းတယ်လို့ ခေါ်ပါတယ်။

နှုတ်ခမ်းရောင်ရမ်းသော လက္ခဏာများ

နှုတ်ခမ်းသား ရောင်ရမ်းတဲ့အခါ အက်တာ၊ အဖတ်လန်တာ၊ ကွာကျတာ၊ ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အရောင်ပြောင်းတာ၊ ဖူးရောင်တာနဲ့ မသက်မသာဖြစ်တာတို့ ခံစားရတတ်ပါတယ်။

ဖြစ်ရသော အကြောင်းရင်းများ

နှုတ်ခမ်းသားရောင်ရမ်းရတဲ့ အကြောင်းရင်းကို မသိကြသေးပါဘူး။ ဟော်မုန်းနဲ့ ဆက်စပ်လို့၊ အစားအသောက် မမျှတလို့၊ အသည်းလုပ်ငန်းဆောင်တာ မကောင်းလို့ စတဲ့ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်တတ်သလို ဖန်းဂတ်စ်မှို ပေါက်ပွားမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။

သက်သာစေရန် ကုသမှု

(၁) နှုတ်ခမ်းသားကို ဂရုစိုက်ပါ

သင့်နှုတ်ခမ်း ရောင်ရမ်းနေတဲ့အခါ သဘာဝနှုတ်ခမ်းဆိုးဆေးအဆီ ဆိုးတာ၊ ရှလကာရည်ဆွတ်ထားတဲ့ ရေအေးဝတ်ကပ်တာ၊ ဟိုက်ဒရိုကော်တီ စုန်းခရင်မ်လိမ်းတာ စတဲ့နည်းတွေနဲ့ သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။

(၂) အဆိပ်အတောက် စွန့်ထုတ်ပြီး ကျန်းမာရေးနှင့်အညီ စားသောက်ပါ

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေနဲ့ ဆိုးဆေးတွေမှီဝဲမှုကို လျှော့ချဖို့ အရေးကြီးပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်စားတာ၊ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်စားတာ၊ အစာကြေစေတဲ့ အင်ဇိုင်းပါဆေးတွေ မှီဝဲတာတို့ကို လုပ်ဆောင်ပေးပါ။ ရေများများသောက်ပြီး အဆိပ်တွေကို စွန့်ထုတ်ပါ။

(၃) ဆေးပညာအကူအညီ ယူပါ

နှုတ်ခမ်းရောင်ရမ်းတာက ဗီတာမင်ချို့တဲ့မှု၊ အဆိပ်တွေကို အလုံအလောက် မစွန့်ထုတ်နိုင်တာနဲ့ ဆေးဝါးတချို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားတာနဲ့ အဆိပ်အတောက်ထိတွေ့မှုကို လျှော့ချပေးတာတို့ လုပ်ဆောင်လို့ မသက်သာရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး ဖြစ်ရတဲ့အကြောင်းကို ရှာဖွေဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top