Healthy Life Ad
Q & A

လည်ချောင်းနာခြင်း ကာကွယ်ဖို့ . . .

———၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊———

Q. ကျွန်မက မကြာခဏ လည်ချောင်းနာတဲ့ဝေဒနာ ခံစားနေရပါတယ်။ လည်ချောင်းနာတဲ့အခါ အစားအသောက် မျိုရခက်တာကြောင့် မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ။

A. ဘာကြောင့် လည်ချောင်းနာရတာလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ လည်ချောင်းနာရတာက ခန္ဓာကိုယ်ထဲကို ပိုးမွှားတွေဝင်ဖို့ လွယ်တဲ့အပေါက်ထဲမှာ အသက်ရှူလမ်းကြောင်းက ပါဝင်နေပါတယ်။ အဲဒီအထဲမှာ နှာခေါင်းပေါက်၊ ပါးစပ်ပေါက်ကနေ ဝင်ဖို့များတယ်။ ပါးစပ်ထဲက ဝင်လာရင် ဝင်လာတဲ့ပိုးမွှားတွေကို အာသီးက အဓိက တိုက်ခိုက်ပေးပါတယ်။ အာသီးတွေက အေးတဲ့အချိန်မှာ (ပြင်ပရာသီဥတုကပဲ အေးအေး၊ ရေခဲရေလို အအေးပဲသောက်သောက်) အာခေါင်မှာအေးနေရင် ခန္ဓာကိုယ်ကတိုက်တဲ့ ကိုယ်ခံစနစ်ကြီးက နောက်ကို ပြန်ဆုတ်သွားပါတယ်။ အဲဒီအချိန်မှာ မူလဝင်လာတဲ့ ပိုးတွေက အာခေါင်ထဲမှာ ပွားများနေပါတယ်။ ပွားတော့ အများကြီးဖြစ်လာချိန်မှာ အာသီးရောင်တယ် ဒါမှမဟုတ် အာခေါင်ရောင်လာပါတယ်။ အဲဒီအချိန်မှာ အစားအသောက်တွေ မျိုရခက်လာတယ်၊ ဒါကို လည်ချောင်းနာတယ်လို့ ခေါ်ပါတယ်။ လည်ချောင်းမနာအောင် အအေးမမိဖို့နဲ့ နွေးနွေးထွေးထွေးနေဖို့ အရေးကြီးပါတယ်။ လည်ချောင်းကအေးပြီး ခြောက်နေရင် ပိုးဝင်ဖို့ လွယ်ပါတယ်။ နွေးပြီး စိုထိုင်းနေရင် ပိုးဝင်ဖို့ခက်ပါတယ်။ ဒါကြောင့် အေးတဲ့ရာသီဥတုမှာ ရေနွေးမကြာခဏ သောက်ဖို့နဲ့ ရေမကြာမကြာ သောက်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရင်ကျပ်ပန်းနာသမားတွေက ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ခံအားစနစ်အားပေးတဲ့ ဗီတာမင်ဘီနဲ့ စီကို သောက်ပေးထားရင်လည် ချောင်းမနာအောင် ကာကွယ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top