Healthy Life Ad
Q & A

သွေးဆုံးပြီး အရေပြားတွင် အမည်းကွက်ပေါ်လာခြင်း

မေး ။ ဆရာ. .ကျွန်တော့်အစ်မရဲ့ နဖူးမှာ အမည်းတွေ ပေါ်လာတယ်။ လည်ပင်းနဲ့ ရင်ဘတ်မှာ အနာတွေ ဖြစ်လာတယ်။ မျက်နှာမှာကျတော့ မျက်စိတစ်ဝိုက် မည်းလာတယ်၊ လက်တွေမှာ အကွက်အကွက်တွေ ဖြစ်လာတယ်။ နှုတ်ခမ်းမှာကျတော့ အနာဖြစ်လာတယ်။ အပျိုကြီး၊ အသက်က ၅၁နှစ်ပါ။ သွေးဆုံးတာတော့ ၃လကျော်ပြီတဲ့။
ချမ်းမြေ့အောင် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးသည်။

ဖြေ ။ သွေးဆုံးပြီးချိန်တွေမှာ အရေပြားကြမ်းလာတာတွေ၊ တင်းတိမ် အညိုကွက်ထွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဖြစ်တာက ပြင်းထန်တယ်ဆိုရင်တော့ ဆေးရုံ၊ဆေးခန်းပြသင့်ပါတယ်။ စစ်ဆေးကြည့်ရှုမှ အတိအကျသိနိုင်မှာမို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top