Healthy Life Ad
Health Tips

၀နေသူတို့အတွက် ကိုယ်အလေးချိန်ထိန်းနိုင်မည့် အတွဲအစပ်များ

ဝလွန်နေသူနဲ့ ကိုယ်အလေးချိန်များနေသူတို့ ကိုယ်အလေးချိန် ထိန်းနိုင်ဖို့ဆိုရင် မျှတတဲ့ အစားအသောက်စားပေးဖို့လိုပါတယ်။ ဒါမှသာ ကိုယ်အလေးချိန်ကျပြီး အထွေထွေကျန်းမာရေး ကောင်းမွန်စေမှာပါ။

အရသာရှိပြီး အောက်ပါအတွဲအစပ်တွေ စားပေးတာကြောင့်ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။


(၁) ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်


(၂) ကြက်သားနှင့် ငရုတ်ပွသီးအမှည့်


(၃) ပဲနှင့် ပြောင်းဖူး


(၄) လက်ဖက်စိမ်းလက်ဖက်ရည်နှင့် သံပရာရည်


(၅) ဆယ်လ်မွန်ငါးနှင့် ကညွတ်


(၆) အယ်လ်မွန်သစ်စေ့နှင့် ဒိန်ချဉ်


(၇) တူနာငါးနှင့် ချင်း(ဂျင်း)

(၈) ထောပတ်သီးနှင့် ဟင်းနုနယ်ရွက်

ကိုယ်အလေးချိန်ထိန်းနေသူတွေရှောင်ရမယ့် အတွဲအစပ်တွေလည်းရှိပါတယ်။ အဲဒါတွေကတော့-

– ပရိုတင်း(အသား၊ ငါး၊ ဥအမျိုးမျိုး)နဲ့ ကာဗိုဟိုက်ဒရိတ်(ပေါင်မုန့်၊ ကွေကာ၊ အာလူး၊ ခေါက်ဆွဲ)၊

– အက်စစ်ကဲတဲ့ အစာ(သံပရာသီး၊ ပန်းသီး၊ ခရမ်းချဉ်သီး)နဲ့ ကာဗိုဟိုက်ဒရိတ်စာ၊

– ကာဗိုဟိုက်ဒရိတ်နဲ့ သကြား (ဥပမာ- ခရင်မ်များတဲ့ ကိတ်မုန့်၊ ပေါင်မုန့်ယိုသုတ်)၊

– ပရိုတင်းကို ကာဗိုဟိုက်ဒရိတ်နဲ့တွဲပြီး များများမစားသင့်ပါဘူး။ (ဥပမာ အသားနဲ့ ဥအမျိုးမျိုး၊ အသားနဲ့ အခွံမာစေ့စသဖြင့်)၊

– နွားနို့ကို ထမင်းနဲ့ နည်းနည်းခြားပြီး သောက်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top