Healthy Life Ad
Health Tips

ခရီးသွားစဉ် ထိခိုက်ဒဏ်ရာရခဲ့လျှင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အားလပ်ရက် အပန်းဖြေခရီးသွားချိန်မှာ သာယာချောမွေ့တဲ့ ခရီးစဉ်ကြောင့် စိတ်ရောကိုယ်ပါ အနားရတာမျိုးပဲ လိုလားကြမှာပါ။ ဒီလို အပန်းဖြေခရီးသွားတုန်း ထိခိုက်ဒဏ်ရာရခဲ့ရင် စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ ခရီးသွားတဲ့အခါမှာလည်း ထိခိုက်ဒဏ်ရာရတာကြောင့် အလုပ်မတွင်ကျယ်တဲ့အဖြစ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခရီးသွားချိန်မှာ ထိခိုက်ဒဏ်ရာရရင် အမြန်ဆုံး သက်သာရာရစေဖို့လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

– ရှေးဦးသူနာပြုစုသော ဆေးသေတ္တာ

ခရီးမသွားခင်ကတည်းက ခရီးလမ်းတစ်လျှောက်အဆင်ပြေစေမယ့် အရေးပေါ်ဆေးသေတ္တာကို ပြင်ဆင်ထားပါ။ အဲဒီဆေးသေတ္တာထဲမှာ ပဋိဇီဝပိုးသတ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောဖြစ်လာရင် သက်သာစေမယ့် ဓာတ်ဆားထုပ်၊ ဆေးဝါး၊ အအန်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ထိခိုက်ဒဏ်ရာအတွက် အနာကပ်ပလာစတာ၊ ပတ်တီး၊ အရက်ပျံ၊ ဒဏ်ကြေလိမ်းဆေး အစရှိတာတွေကို ထည့်သွင်းထားဖို့ လိုပါတယ်။

– ဒေသခံ ဆေးရုံ၊ ဆေးခန်း လိပ်စာကို စုံစမ်းထားပါ

ခရီးသွားစဉ်မှာ မမျှော်လင့်တဲ့ မတော်တဆထိခိုက်မှုတွေ ကြုံတွေ့ရတတ်တာကြောင့် အဲဒီထိခိုက်မှုတွေဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသနိုင်ဖို့ ဒေသခံ ဆေးရုံ၊ ဆေးခန်းလိပ်စာနဲ့ ဖုန်းနံပါတ်တွေကို စုံစမ်းထားသင့်ပါတယ်။ အဲဒီလမ်းညွှန်လိပ်စာကို သင်ရဲ့ခရီးဆောင်ဆေးသေတ္တာထဲမှာ ထည့်သွင်းထားပါ။

– အကူအညီတောင်းပါ

ခရီးသွားအများစုဟာ မတော်တဆထိခိုက်ဒဏ်ရာရချိန်မှာ ဆရာဝန်နဲ့ ဆေးရုံဖုန်းတွေကို အကြိမ်ကြိမ်ဆက်တာတောင် ခေါ်လို့မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် တည်းခိုတဲ့ဟိုတယ်ကို အကူအညီတောင်းပါ။ ဟိုတယ်တွေဟာ ဆရာဝန်တွေရဲ့အိမ်ဖုန်းတွေကိုပါ သိနေနိုင်တာကြောင့် ပိုအဆင်ပြေသွားတတ်ပါတယ်။

– အွန်လိုင်းတွင်လေ့လာပါ

ခရီးသွားစဉ် ရုတ်တရက်မတော်တဆထိခိုက်မှုအတွက် ကျွမ်းကျင်သူတွေရဲ့စောင့်ရှောက်မှု မရခင်မှာ ရှေးဦးသူနာပြုစုနည်းကို ခံယူနိုင်ဖို့ အွန်လိုင်းမှာလေ့လာပြီး အရေးပေါ်စောင့်ရှောက်ထားဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top