Healthy Life Ad
Health Tips

အားကစားကို အလွန်အကျွံ လုပ်သောကြောင့် ဒဏ်ဖြစ်ခြင်း ကင်းဝေးအောင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အားကစားကို အလွန်အမင်းလုပ်တာကြောင့် ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်တာကဖြစ်လာမှ ကုသတာထက်ပိုလွယ်ပါတယ်။ လေ့ကျင့်ခန်းကြောင့် အနာကျက်အောင် သီတင်းပတ်ပေါင်းများစွာ၊ လပေါင်းများစွာ အချိန်ယူဖို့လိုပါတယ်။

(၁) လေ့ကျင့်ခန်းကို တဖြည်းဖြည်း တိုးလုပ်ပါ
သင်က မာရသွန်အပြေးသမားတစ်ဦးဖြစ်နေရင် မိုင်ပေါင်းများစွာ ဝေးလံတဲ့ခရီးကိုမပြေးပါနဲ့။ တဖြည်းဖြည်းချင်းတိုးပြီး ပြေးပေးသင့်ပါတယ်။ တစ်ချိန်တည်းနဲ့ လေ့ကျင့်ခန်းကို အလွန်အမင်းလုပ်တာက ဒဏ်ဖြစ်စေနိုင်ပါတယ်။

(၂) ပေါင်းစပ်လုပ်ပါ
လေ့ကျင့်ခန်းကို ပေါင်းစပ်လုပ်တာကြောင့် နှလုံးသွေးလှည့်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကြောင့် ဒဏ်ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ဥပမာပြောရရင် သင်က စက် ဘီးစီးသူဖြစ်ပါက တစ်ပတ်မှာနှစ်ကြိမ်ခန့် စက်ဘီးစီးလိုက်၊ တစ်ကြိမ် ပြေးလိုက်လုပ်ပေးသင့်ပါတယ်။

(၃) အလေးမပါ
ကြွက်သားတွေ ဟန်ချက်မညီရင် လေ့ကျင့်ခန်းကို အလွန်အကျွံ လုပ်တာကြောင့် ဒဏ်ဖြစ်စေနိုင်ပါတယ်။ ပုံမှန်သန်စွမ်းအောင် အလေးမတာက အားကစားကြောင့် ဒဏ်ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၄) ပျော့ပျောင်းသန်စွမ်းမှုရှိသော လေ့ကျင့်ခန်းကိုလုပ်ပါ
ခန္ဓာကိုယ် ပျော့ပျောင်းသန်စွမ်းမှုနည်းနေရင် အားကစားကြောင့် ဒဏ်ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် အရင်ဆုံးခန္ဓာကိုယ်ကို ပျော့ပျောင်းသန်စွမ်းနေအောင် သွေးပူလေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

(၅) အနားယူပါ
ကြွက်သားတွေ ပုံမှန်ပြန်ကောင်းလာဖို့အတွက် အနားယူပေးဖို့ လိုပါတယ်။ အနားယူတဲ့ရက်တွေမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို မလုပ်သင့်ပါ။

(၆) မှန်ကန်သော ပုံစံဖြင့် လေ့ကျင့်ပါ
လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်အနေအထားမမှန်တာကြောင့် ဒဏ်ဖြစ်နိုင်ခြေများပါတယ်။

(၇) သင့်တော်သော ရှူးဖိနပ်စီးပါ
သင်ရဲ့ခြေထောက်တွေနဲ့ မကိုက်တဲ့ အားကစားဖိနပ်ကိုစီးတာက ထိခိုက်ဒဏ်ရာရနိုင်ခြေများပါတယ်။ ဒါကြောင့် အားကစားလုပ်တဲ့ အခါ သင့်အတွက် သင့်တော်တဲ့ ရှူးဖိနပ်ကိုစီးပါ။

(၈) ဒဏ်စတင်ဖြစ်ဖြစ်ချင်း ဆက်မလုပ်သင့်
အားကစားကို အလွန်အမင်းလုပ်တာကြောင့် ဒဏ် စတင်ပေါ် လာပြီဆိုရင် လေ့ကျင့်ခန်းကို ဆက်မလုပ်ပါနဲ့တော့။ လေ့ကျင့်ခန်း ဆက်လုပ်ရင် အသေးစားထိခိုက်ဒဏ်ရာမှ အကြီးစားထိခိုက်ဒဏ်ရာ အဖြစ် ပြောင်းသွားနိုင်ပါတယ်။

(၉) ဒဏ်စတင်ဖြစ်ဖြစ်ချင်း ဆရာဝန်နှင့်ပြပါ
ဒဏ်ဖြစ်ဖြစ်ချင်း အနားယူတာ၊ ရေခဲကပ်တာနဲ့ အနာကျက်ဖို့ အချိန်ပေးတာတွေကိုလုပ်ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top