Healthy Life Ad
Child

အရပ်ပိုရှည်အောင် ဘယ်လိုလုပ်နိုင်သလဲ . . .

၊ ငွေကြယ်စင်ယံ ၊

အစာကို ကောင်းကောင်းစားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာနဲ့ ကောင်းကောင်းအနားယူတာ စတဲ့နည်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် နေတာက အရပ်အမောင်းကို သဘာဝနည်း အတိုင်းရှည်စေပါတယ်။ အရပ်ရှည်ဖို့ရာအတွက် မျိုးဗီဇကလည်း အဓိကကျတဲ့အချက်ပါ။ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ၇-၁၀ လက်မလောက် အရပ်ထပ်ရှည်လာနိုင်ခြေရှိပါတယ်။ လူတိုင်းကတော့ မတူညီပါဘူး။

တချို့လူငယ်တွေက ဒီထက်ပိုပြီး အရပ်ရှည်လာနိုင်ပေမယ့် တချို့လူငယ်တွေကျတော့ အရပ်ရှည်သင့်သလောက် ထပ်မရှည်တာမျိုးလည်းဖြစ် တတ်ပါတယ်။

နွားနို့ သောက်တာ၊ အသားဓာတ်ပါတဲ့ ဥအမျိုးမျိုး၊ အသား၊ ပဲစတာတွေကို စားသောက်တာကလည်း အရပ်ရှည်ဖို့ အားပေးတဲ့အချက်ဖြစ်သလို ခြေထောက်ဆန့်ပြီး အိပ်ရေးဝ၀အိပ်စက် အနားယူတာကလည်း အရပ်ရှည်အောင် အားပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top