Healthy Life Ad
Child

ကလေး နှာခေါင်းပိတ်ပြီး အိပ်မရလို့ပါ . .

မေး ။ မင်္ဂလာပါရှင်။ ကျွန်မသမီးက ၂လပါ။ နှာခေါင်းပိတ်ပြီးအိပ်မရလို့ ဘာဆေးတိုက်ရမလဲရှင်။ ဘယ်လို လုပ်ပေးရမလဲပြောပြပေးပါရှင်။
Youn Youn (Fb)

ဒေါက်တာငြိမ်းအေးဝင့်(ကလေးအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ နှာခေါင်းပိတ်တဲ့ ကလေးအများစုက ဆေးတိုက်စရာမလိုဘဲ အောက်ပါနည်းလမ်းတွေနဲ့ သက်သာ နိုင်ပါတယ်။

၁။ ကလေးရဲ့ပိတ်နေတဲ့ နှာခေါင်းထဲသို့ ဆားရည်အနည်းငယ်နှစ်စက်မှ လေးစက်ခန့်ထည့်ပေးနိုင်ပါတယ်။ ဆေးဆိုင်တွေမှာ Physiodose နာမည်နဲ့ ရနိုင်ပါတယ်။

၂။ ကလေးနေတဲ့ အခန်းတွင်းမှာ ရေနွေးငွေ့ထုတ်ပေးတဲ့ စက်ကလေးထားပေးနိုင်ပါတယ်။

၃။ နှာခေါင်းပိတ်တာ သက်သာပြီး ကောင်းမွန်စွာ အိပ်နိုင်အောင် ကလေးရဲ့ခေါင်းဘက်ကို ၁၅ဒီဂရီလောက် ပိုမိုမြင့်ထားပြီး ဘေးစောင်းထားကာ အိပ်စေသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top