Healthy Life Ad
International

တစ်ရက် ၁၀ နာရီကျော်ကြာအောင် ထိုင်ခြင်းက ၈နှစ် ပိုမိုအိုစာစေ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတွေက အသက် ၆၄ နှစ်မှ ၉၅ နှစ်အရွယ်အထိ အမျိုးသမီး၁၅၀ဝနီးပါးကို လေ့လာခဲ့ကြပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းမလုပ်ဘဲ တစ်ရက်၁၀နာရီကျော်ထိုင်သူတွေရဲ့ဆဲလ်တွေက လှုပ်ရှားသွားလာသူတွေထက် ဇီဝဗေဒအားဖြင့် ပိုမိုအိုမင်းကြကြောင်း တွေ့ရှိခဲ့ပါတယ်။

တစ်ရက်မှာ ရုပ်ပိုင်းလှုပ်ရှားမှု မိနစ်၄၀အောက်သာရှိတဲ့ အမျိုးသမီးတွေမှာ အဆိုးဆုံးဖြစ်ကြောင်း လည်းတွေ့ရှိခဲ့ပါတယ်။ Telomeres ခေါ်တဲ့ DNA အစွပ်တွေဟာ လူတွေအသက်ကြီးလာတာနဲ့ အလျားတိုလာကြလေ့ရှိပြီး အထိုင်များတဲ့ အမျိုးသမီးတွေမှာ အရွယ်မတိုင်ခင် တိုတောင်းလာတာတွေ့ခဲ့ရတာပါ။ Telomeres အလျားတိုတာက နှလုံး၊ ဆီးချိုနဲ့ အဓိက ကင်ဆာရောဂါအမျိုးအစားတွေ ဖြစ် ပွားတာနဲ့ ဆက်စပ်လေ့ရှိပါတယ်။

ပုံမှန်အသက်နဲ့ ဇီဝအသက်တို့ဟာ အမြဲဟန်ချက်မညီတတ်ကြောင်းနဲ့ ဆေးလိပ်သောက်သူ၊ အဝလွန်သူတွေနဲ့ အထိုင်များသူတွေမှာ ဇီဝအသက်ပိုမို အိုစာကြကြောင်း သုတေသီတွေကရှင်းပြပါတယ်။ အထိုင်များလွန်းပေမယ့် လေ့ကျင့်ခန်းလုပ်သူတွေက ပျက်စီးမှုကို လျော့ပါးစေနိုင်ကြောင်းလည်း သိရှိရပါတယ်။ တစ်ရက် မိနစ်၃၀ ကာယလေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့ အထိုင်များတဲ့အမျိုးသမီးတွေမှာ Telomeres အလျားတိုတာကို မတွေ့ခဲ့ရဘူးလို့ သုတေသီတွေက ပြောပါတယ်။

(Ref; NWU)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top