Healthy Life Ad
Life Style

အသားအရေ အစိုဓာတ် နည်းပြီး ခြောက်သွေ့မှုကို ဖြေရှင်းနည်း

လရိပ်မေ

ရေသောက်ပါ
ရေများများသောက်တဲ့နည်းနဲ့ အသားအရေ ခြောက်သွေ့မှုကို တွန်းလှန်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်နေတဲ့အခါ အရေပြားခြောက်ပြီး နွမ်းနယ်နေတတ်ပါတယ်။ ဒါကြောင့် ရေအဆာမခံဘဲ ရေများများ သောက်ပေးသင့်ပါတယ်။

လေထုစိုထိုင်းဆများသော စက်တပ်ဆင်ပါ
အေးမြတဲ့ ရာသီမှာ လေထုစိုထိုင်းဆများအောင် လေထုစိုထိုင်းဆများတဲ့ စက် (Humidifier) တပ်ဆင်ပါ။ အရေပြားစိုထိုင်းစေတဲ့ စနစ်ကြောင့် အရေပြားခြောက်သွေ့အက်ကွဲမှု မဖြစ်စေဘဲ အသားအရေကို စိုပြည်စေပါတယ်။

အရေပြားကို ကြေးချွတ်သန့်စင်ပါ
အရေပြားကိုကောင်းကောင်း ကြေးချွတ်သန့်စင်တာကြောင့် ဆဲလ်သေတွေကို ကွာကျစေပါတယ်။ ဒါကြောင့် တစ်ပတ်မှာတစ်ကြိမ် အရေပြားကို ကြေးချွတ်သန့်စင်ပေးပါ။ ဒီနည်းဟာ အသားအရေရှိ ဆဲလ်သေတွေကို ကင်းစင်စေရုံသာမက ဆဲလ်သစ်ထွက်ရှိပြီး အရေပြားကို ကြည်လင်လန်းဆန်းစေပါတယ်။

အဆီဓာတ်အခြေခံ အစိုဓာတ်ထိန်း ခရင်မ် လိမ်းပါ
အရေပြား အစိုဓာတ်ဆုံးရှုံးမှုမဖြစ်စေဖို့ အဆီဓာတ် ၈၀ ရာခိုင်နှုန်းပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းသင့်ပါတယ်။

နေကာခရင်မ် လိမ်းပါ
နေမပူတော့တဲ့အတွက် နေကာခရင်မ်ကို မလိမ်းသင့်ဘူးလို့မထင်ပါနဲ့။ အိမ်က မထွက်ခင် နေကာနိုင်စွမ်း SPF ၁၅ ဆပါတဲ့ နေကာခရင်မ်ကို လိမ်းပေးပါ။

လက်အိတ်၊ ခြေအိတ် ဝတ်ပါ
လက်တွေ၊ ခြေထောက်တွေ အေးမြနေချိန်မှာ အရေပြားခြောက်သွေ့နေနိုင်ပါတယ်။ ဒါကြောင့် လက်အိတ်၊ ခြေအိတ်ဝတ်ပြီး နွေးထွေးနေအောင်ထားပါ။

ရေချိုးလျှင် အဆီဓာတ် ထည့်ပါ
ရေချိုးကန်ထဲကို ဂျိုဂျိုးဘားဆီ ဒါမှမဟုတ် မက်မွန်ဆီ အစက်အနည်းငယ်ထည့်ပြီး ရေချိုးတာကြောင့် အသားအရေကို စိုပြည်စေပါတယ်။

တမင် အခြောက်မခံပါနှင့်
လေအခြောက်ခံစက်နဲ့ အခြောက်ခံတာကြောင့် ဦးရေပြားကိုသာ ခြောက်သွေ့စေရုံသာ မက အရေပြားကိုလည်း စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။

နှုတ်ခမ်းကို လျှာဖြင့် မလျက်ရ

နှုတ်ခမ်းကို လျှာနဲ့လျက်တာကြောင့် နှုတ်ခမ်းသားအက်ကွဲတာမျိုး မကြာခဏ ဖြစ်တတ်ပါတယ်။ အမွှေးနံ့မပါတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကို ဆိုးပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top