Healthy Life Ad
Life Style

အရက်နာကျဝေဒနာနှင့်ပတ်သက်၍ သိထားသင့်သည်များ

– အရက်များ ရောသောက်ခြင်းဖြင့် အရက်နာကျဝေဒနာ ပိုဆိုးစေနိုင်

အရက်တွေကိုတစ်မျိုးနဲ့တစ်မျိုး ရောစပ်သောက်တာကြောင့် အရက်နာကျဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ အရက်တွေကိုရောလေလေ၊ Congeners ဓာတ်ပစ္စည်းပမာဏ မြင့်တက်လာလေလေဖြစ်ပြီး နံနက်မိုးလင်းတဲ့အခါ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။

– အရက်မသောက်မီ အစာအနည်းငယ်စားခြင်းဖြင့် အရက်နာကျဝေဒနာသက်သာစေနိုင်

အရက်မသောက်ခင်မှာ အာလူးထောင်း ထမင်းစားဇွန်းနှစ်ဇွန်းခန့် ကြိုစားသင့်ပါတယ်၊ ဒါဆိုရင် ကိုယ်တွင်းစနစ်ထဲကို အယ်လ်ကိုဟောရောက်ရှိနှုန်း နှေးစေတယ်လို့ဆိုကြပါတယ်။ အရက်မသောက်ခင် အစာအနည်းငယ်စားတာကြောင့် အရက်မြန်မြန်မမူးစေဘဲ အရက်နာကျဝေဒနာဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။

– အရက်မသောက်မီ ရေသောက်ပါ

အရက်မသောက်ခင် အရင်ဆုံး ရေကိုကြိုတင်သောက်ထားတာကြောင့် ရေဓာတ်ခမ်းခြောက်မှုဖြစ်နိုင်ခြေကို လျော့ကျစေတဲ့အပြင် အရက်ကိုလည်းလျှော့ပြီး သောက်ဖြစ်စေပါတယ်။

– အကိုက်အခဲပျောက်ဆေး သတိပြုပါ

အရက်နာကျတဲ့အခါ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေအတွက် အကိုက်အခဲပျောက်ဆေးသောက်မယ်ဆိုရင် ပါရာစီတမောထက် အိုင်ဗျူပရိုဖန်ဆေးက ပိုထိရောက်ပါတယ်။ ဒါပေမဲ့ အယ်လ်ကိုဟောကြောင့် အစာအိမ်ရောင်ရမ်းနေရင် အိုင်ဗျူပရိုဖန်ဆေးက အစာမကြေတဲ့ဝေဒနာကို ပိုဆိုးစေနိုင်တဲ့အတွက် သတိပြုရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top