Healthy Life Ad
Health Tips

သွေးတွင်း မကောင်းသော ကိုလက်စထရော လျော့ကျစေမည့် နည်းလမ်း ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးတွင်း ကောင်းတဲ့ ကိုလက်စထရောတွေ မြင့်တက်ပြီး မကောင်းတဲ့ ကိုလက်စထရောလျော့ကျစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) တစ်နေ့လျှင် အစာကို ခြောက်ကြိမ်နှင့် အထက်စားပေးပါ
ဗြိတိန်အရွယ်ရောက်သူတွေကို လေ့လာမှုကြီးတစ်ခုအရ တစ်နေ့ အစာကို ခြောက်ကြိမ်နဲ့အထက်၊ တစ်ကြိမ်စားရင် နည်းနည်းချင်းစီ စားတဲ့သူတွေဟာ တစ်နေ့ နှစ်ကြိမ်ပဲ စားတဲ့သူတွေထက် ကိုလက်စထရော ပမာဏ လျော့ကျမှု ရှိတယ်လို့ သိရပါတယ်။

(၂) ပျော်ရွှင်စွာ ရယ်မောပါ
လေ့လာမှုတစ်ခုအရ ပျော်ရွှင်စရာ ဟာသဇာတ်လမ်းတွေကို တစ်နေ့မှာ မိနစ် ၃၀ ကြာကြည့်တဲ့ ဆီး ချိုရောဂါရှင်တွေအနေနဲ့ နှလုံးရောဂါဖြစ်နှုန်း သိသိသာသာလျော့ကျမှု ရှိတယ်လို့ သိရပါတယ်။ သူတို့ဟာ ပျော်ရွှင်ရယ်မောမှု မရှိသူတွေထက် သွေးတွင်းကောင်းတဲ့ ကိုလက်စထရောပမာဏ ၂၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။

(၃) ငါးစွပ်ပြုတ်ကို စတင်စားပါ
အစာမစားခင် ငါးစွပ်ပြုတ်အရင် စားသောက်တဲ့သူတွေဟာ ဗိုက်ဆာတာမျိုး မဖြစ်ဘဲ တစ်နေ့တာကို ကယ်လိုရီနည်းနည်းနဲ့ ဖြတ်သန်းနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အဲဒီလူတွေဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ပမာဏလည်း လျော့နည်းနေတတ်ပါတယ်။

(၄) ဘယ်ရီသီး စားပါ
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး အစရှိတဲ့ ဘယ်ရီသီးအနွှယ်ဝင်တွေကို တစ်နေ့တစ်ခွက်ခန့် စားတဲ့ သူတွေဟာ ရှစ်ပတ်အကြာမှာ သွေးတိုးကျပြီး သွေးတွင်းကောင်းတဲ့ ကိုလက်စထရောလည်း မြင့် တက်မှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၅) အမျှင်ဓာတ်ကို မှီဝဲပါ
လေ့လာမှုတွေအရ တစ်နေ့မှာ အမျှင်ဓာတ် ၁၀-၃၀ ဂရမ်မှီဝဲတာကြောင့်သွေးတွင်းမကောင်းတဲ့ ကိုလက်စထ ရော ပမာဏ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျမှုရှိတယ်လို့ သိရပါတယ်။

(၆) သံလွင်ဆီကို သုံးပါ
ဟင်းရွက်သုပ်စားတဲ့အခါ သံလွင်ဆီ ထည့်စားပါ။ လေ့လာမှုတစ်ခုအရ သံလွင်ဆီစစ်စစ်ကို နေ့စဉ် ထမင်းစားဇွန်း နှစ်ဇွန်းခန့် စားတာကြောင့် တစ်ပတ်အကြာမှာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော အဆင့် လျော့နည်းပြီး သွေးထဲမှာ အင်တီအောက်ဆီးဒင့်ပမာဏ မြင့်မားလာတယ်လို့ သိရပါတယ်။

(၇) အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ပါ
တစ်ပတ်မှာ လေးကြိမ်ခန့် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ စိတ်ဖိစီးမှုများနေချိန်မှာ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်တာကြောင့် စိတ်ဖိစီးမှုလျော့ကျကာ သွေးလှည့်ပတ်မှု ကောင်း မွန်စေပါတယ်။

(၈) ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူစားပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောလျော့ကျစေပါတယ်။

(၉) လှုပ်ရှားတက်ကြွစွာ လုပ်ဆောင်ပါ
ဥယျာဉ်ခြံမြေစိုက်ပျိုးတာ၊ တံမြက်စည်းလှည်းတာ အစရှိတဲ့ နေ့စဉ် လုပ်ဆောင်မှုတွေ လုပ်ပြီး တစ်နေ့ အနည်းဆုံး ခြေလှမ်း ၂၀ဝ၀ ခန့် လှမ်းသင့်ပါတယ်။

(၁၀) ကိုယ့်ကိုယ်ကိုယ် သတိပေးပါ
ထိုင်ချိန် တစ်နာရီကြာတိုင်း လမ်းထလျှောက်ဖြစ်နိုင်ဖို့ သတိထားပါ။ တစ်နာရီကြာရင် မတ်တပ်ထရပ်ပြီး ငါးမိနစ်ခန့် လမ်းလျှောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top