Healthy Life Ad
Q & A

လည်ပင်းအကျိတ် ခွဲသင့်၊ မသင့်

မေး ။ ကျွန်မ လည်ပင်းအကျိတ်ဖြစ်နေတာကြာပါပြီ။ ၁၃နှစ်အရွယ်က စဖြစ်တာပါ။ အခု အသက် ၃၃နှစ် ရှိပါပြီ။ ကျွန်မလည်ပင်းကင်ဆာဆိုတာဖြစ်မှာ ကြောက်နေပါတယ်။ ကျွန်မအကျိတ်က ဘယ်ဘက်မေးစေ့ အောက်မှာကြက်ဥအရွယ်တစ်ခုနဲ့ ကွမ်းသီးကြီးအရွယ်တစ်ခု၊ ညာဘက်လယ်ညပ်ရိုးကြားမှာ ကြက်ဥသေး အရွယ်နှစ်ခုဖြစ်နေပါတယ်။ အဲဒါကို ဆရာဝန်ပြတော့ခွဲစိတ်မယ်၊ အသံလိုင်းတော့ရချင်မှရမယ်ပြောတော့ မခွဲရဲဖြစ်နေပါတယ်။ ကျွန်မအလုပ်အကိုင်က ဈေးရောင်းတာဆိုတော အသံမရတော့မှာကြောက်ပြီး မခွဲရဲဖြစ်နေလို့ပါ။ အဲဒါ ဘယ်လိုကုသသင့်ပါလဲ ပြန်လည်ဖြေကြားပေးပါဆရာ။
ဇာဇာ (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးသည် ။

ဖြေ ။ အကျိုးနဲ့ အပြစ်ကို ချင့်ချိန်ကြည့်ပါ။ မခွဲဘဲထားရင် အန္တရာယ်ရှိတဲ့ အကျိတ်ဖြစ်နေရင် စိုးရိမ်ရပါတယ်။ ခွဲလိုက်ရင် အသံကိုထိခိုက်နိုင်တယ်ဆိုတာကလည်း ဖြစ်နိုင်ခြေကို ပြောတာပါ။ ခြေမမကောင်းခြေမ၊ လက်မ မကောင်းလက်မ ဆိုတဲ့စကားကို သတိရစေလိုပါတယ်။ အရေးအကြီးဆုံးက ဆေးလိမ်း၊ ဆေးသောက်ရုံနဲ့ မပျောက်နိုင်တာမို့ တခြားနည်းတွေနဲ့ မကြိုးစားစေလိုပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top