Healthy Life Ad
Life Style

ဆံပင်အရှည်မြန်စေမည့် အစာ ၇မျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတလေ ဆံပင်တိုညှပ်ပြီးခါမှ ကိုယ်ညှပ်လိုက်တဲ့ပုံက ကိုယ်နဲ့မလိုက်ဖက်လို့ မြန်မြန်ရှည်ချင်တတ်ကြတာ မိန်းကလေးအများစုရဲ့သဘာဝပါ။ အဲဒီလိုအခြေအနေမှာ ဆံပင်သားကျန်းမာသန်စွမ်းပြီး အရှည်မြန်စေဖို့ စားသင့်တဲ့အစာတွေရှိပါတယ်။

(၁) ကမာကောင်

ကမာကောင်မှာ ဇင့်(သွပ်)ဓာတ်ပါဝင်တဲ့အတွက် ဆံပင်ရှည်ပြီး တောက်ပစေပါတယ်။ တစ်နေ့မှာ ကမာကောင်တစ်ကောင်စားရုံနဲ့ တစ်နေ့တာလိုအပ်တဲ့ ဇင့်ဓာတ်ပမာဏကို အလုံအလောက်ရရှိစေပါတယ်။ ကမာမစားဖြစ်ရင် အမဲသား၊ အဆီနည်းဝက်သားစတာတွေကို စားပေးနိုင်ပါတယ်။

(၂) ကြက်သား

ကြက်သားမှာ ပရိုတင်းဓာတ်ပါဝင်မှုများတာကြောင့် ကီရာတင်ထုတ်လုပ်မှု အားကောင်းစေပါတယ်။ ကီရာတင်ဆိုတာ ဆံပင်သားဖြစ်ပေါ်ဖို့ ၈၀ ရာခိုင်နှုန်းအရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ နှစ်လ-သုံးလလောက် ပရိုတင်းချို့တဲ့မှုဖြစ်ရင် ဆံပင်ကျွတ်စေနိုင်သလို ဆံပင်သန်စွမ်းမှုနှေးစေပါတယ်။

(၃) ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့အတွက် ဆံချည်မျှင်အိတ်တွေကို သန်စွမ်းစေပြီး ဆံပင်အရှည်မြန်စေပါတယ်။ ဒါ့အပြင် ဗီတာမင် B12 နဲ့ သံဓာတ်ပါဝင်တာကြောင့် ဆံပင်သန်စွမ်းနှုန်း မြန်စေပါတယ်။

(၄) ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ဆံပင်သန်စွမ်းရှည်ထွက်ဖို့ လိုအပ်တဲ့ပရိုတင်းနဲ့ ဘိုင်အိုတင်ဓာတ်ပါဝင်ပါတယ်။ ဘိုင်အိုတင်က ဆံပင်မကျွတ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၅) ရွှေဖရုံစေ့

ရွှေဖရုံစေ့မှာ ဗီတာမင် B1၊ B2၊ B3 နဲ့ B4 တို့ ပါဝင်ပြီး ဆံပင်သန်စွမ်းစေပါတယ်။ ဦးရေပြားကျန်းမာစေတဲ့ ဗီတာမင် B5 နဲ့ B6 လည်းပါဝင်ပါတယ်။

(၆) ပဲနီလေး

ပဲနီလေးမှာ ဆံပင်သန်စွမ်းကျန်းမာစေတဲ့ သံဓာတ်ပါဝင်ပါတယ်။ ပဲနီလေးဟင်းချိုတစ်ပန်းကန်မှာ တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ တစ်ဝက်ခန့်ပါဝင်ပါတယ်။ ဒါ့အပြင် ဇင့်၊ ကိုလင်းနဲ့ တခြား ဆံကေသာအကျိုးပြုဓာတ်တွေလည်း ပါဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top