Healthy Life Ad
Health Tips

ကိုယ်အလေးချိန် မြင့်တက်လာစေနိုင်သည့် ညဘက် အမူအကျင့် ၁၂ ရပ်

၊ ငွေကြယ်စင်ယံ ၊

ကိုယ်အလေးချိန်ထိန်းချင်သူတွေ သတိပြုဆင်ခြင်ရမယ့် အမူအကျင့်တွေ ဖြစ်ပါတယ်။

(၁) လုံလောက်သော အိပ်စက်ချိန်မရခြင်း

နောက်ဆက်တွဲပြဿနာများ

– အိပ်ရေးမဝတာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ် စဉ်ကို နှေးကွေးစေပါတယ်။

– အိပ်ရေးမဝတာကြောင့် ခဏခဏ ဗိုက်ဆာစေပါတယ်။

– စိတ်ဖိစီးမှု ကော်တီစောအဆင့် မြင့်တက်တာကြောင့် ဗိုက်ပူခါးတုတ်စေပါတယ်။

– ပင်ပန်းနေတာကြောင့် ကိုယ်လက်လှုပ်ရှားမှု လည်း သိပ်မလုပ်နိုင်တော့ပါဘူး။

သတိပြုရန်

– တစ်ညမှာ အနည်းဆုံး ရှစ်နာရီ အိပ်စက်ရပါမယ်။

(၂) ညဘက်တွင် အစာအလွန်အကျွံစားခြင်း
နောက်ဆက်တွဲပြဿနာများ

– ညဘက်မှာ အစားအသောက်တွေအများကြီး စားတဲ့အခါ အစာခြေဖျက်မှု နှေးလာပါတယ်။

– တီဗီကြည့်ရင်း အစာစားတဲ့အတွက် အစာကိုပို စားဖြစ်လာပါတယ်။

သတိပြုရန်

– ညဘက်မှာ ပရိုတင်းနဲ့ ဟင်းသီးဟင်းရွက်များများ ပါဝင်တဲ့ ညစာကို ရွေးစားပါ။

(၃) ညစာစားပြီးချက်ချင်း အိပ်ရာဝင်ခြင်း
နောက်ဆက်တွဲပြဿနာများ

– အဆီဆဲလ်တွေ ပိုပြီး စုပုံနေပါလိမ့်မယ်။

– အစာခြေလမ်းကြောင်း ပြဿနာခံစားရပါလိမ့်မယ်။

သတိပြုရန်

– ညအိပ်ရာမဝင်ခင် ၁ နာရီခွဲ-၂နာရီအလိုမှာ အစာကို နောက်ဆုံးစားသင့်ပါတယ်။

(၄) ညဘက်တွင် ဆီကြော်စာစားခြင်း
နောက်ဆက်တွဲပြဿနာများ

– ဆီကြော်စာတွေထဲမှာကယ်လိုရီများများ ပါဝင်တဲ့အတွက် ကယ်လိုရီလောင်ကျွမ်းဖို့ အချိန်မပေးနိုင်ပါဘူး။

– အဆီဆဲလ်တွေ ပိုများလာပါလိမ့်မယ်။

– ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။

သတိပြုရန်

– ညဘက်မှာ ဆီကြော်စာထက် ပြုတ်ထားတဲ့ ဟင်းလျာ၊ ပေါင်းထားတဲ့ ဟင်းလျာမျိုး စားသင့်ပါတယ်။

(၅) ညဘက်တွင် အပူအစပ်စာများ စားခြင်း

နောက်ဆက်တွဲပြဿနာများ

– အပူအစပ်စာတွေနဲ့ ဟင်းခတ်အမွှေးအကြိုင် ကဲတဲ့ အစာတွေက အစာမကြေဖြစ်စေနိုင်ပါတယ်။

– အိပ်ရေးဝ၀ အိပ်မပျော်နိုင် ဖြစ်တတ်ပါတယ်။

– ရင်ပူတတ်ပါတယ်။

သတိပြုရန်

– ပူစပ်တဲ့ အစာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ် စဉ်ကို မြန်စေတဲ့အတွက် နေ့ဘက်မှာပဲ အသင့် အတင့်စားပါ။

(၆) ကာဗိုဟိုက်ဒရိတ်များသော အစာကို စားခြင်း
နောက်ဆက်တွဲပြဿနာများ

– အိပ်ပျော်နေစဉ် မချေဖျက်နိုင်တာကြောင့် စွမ်း အင်အပိုတွေ ရရှိလာပါတယ်။

– ကာဗိုဟိုက်ဒရိတ်များတဲ့ အစာမှာ အခွံချွတ်သ ကြား ပါဝင်မှုများလွန်းပါတယ်။

သတိပြုရန်

– ညစာမှာကာဗိုဟိုက်ဒရိတ်များတဲ့ အစာကို စား မယ့်အစားသစ်သီးဝလံ၊ ဟင်းရွက်သုပ်၊ ပရိုတင်း များတဲ့အစာ၊ သစ်သီးဖျော်ရည်တွေကို ရွေးချယ်ပါ။

(၇) သရေစာ စားလွန်းခြင်း နောက်ဆက်တွဲပြဿနာများ

– သရေစာမှာပါတဲ့ သကြားတွေက အဆီဆဲလ်တွေ အဖြစ် ကူးပြောင်းစေပါတယ်။ ကယ်လိုရီမလောင် ကျွမ်းနိုင်ပါဘူး။

သတိပြုရန်

– သရေစာစားချင်ရင် သစ်သီးစားပါ။

(၈) အရက်သောက်ခြင်း၊ ကော်ဖီသောက်ခြင်း နောက်ဆက်တွဲပြဿနာများ

– အိပ်စက်မှုကို ထိခိုက်စေပါတယ်။

– ကယ်လိုရီပါဝင်မှုများပါတယ်။

သတိပြုရန်

– အရက်နဲ့ကော်ဖီအစား နွားနို့ပူပူတစ်ခွက်သောက်ပါ။ ဒါမှမဟုတ် သဘာဝသစ်သီးဖျော်ရည်သောက်ပါ။

(၉) အိပ်ရာဝင်ခါနီး ကွန်ပျူတာ သို့မဟုတ် လက်ကိုင် ဖုန်းသုံးခြင်း
နောက်ဆက်တွဲပြဿနာများ

– ကွန်ပျူတာနဲ့ ဖုန်းကထွက်လာတဲ့ အပြာရောင် အလင်းတန်းက ကျန်းမာရေးနဲ့အိပ်စက်မှုကို ထိခိုက်စေပါတယ်။

– ရေဒီယိုလှိုင်းက အိပ်ရေးပျက်စေပါတယ်။

သတိပြုရန်

– အိပ်ရာဝင်ခါနီး တစ်နာရီအလိုမှာ ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်စတာတွေ ကိုပိတ်ထားပါ။ စာအုပ်ဖတ်ချင်ဖတ် ဒါမှမဟုတ် သီချင်းအေးအေးေားထောင်ပေးပါ။

(၁၀) ညဉ့်နက်မှ အိပ်ရာဝင်ခြင်း နောက်ဆက်တွဲပြဿနာများ

– ညဉ့်နက်မှ အိပ်ရာဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့ သဘာဝဇီဝနရီကို ထိခိုက်စေပြီး အဆီပိုတက်စေပါတယ်။

– ညဉ့်လယ်စာ စားဖြစ်သွားတတ်ပါတယ်။

သတိပြုရန်

– အိပ်ငိုက်တဲ့အခါ ချက်ချင်းအိပ်ရာဝင်ပါ။ ညနေ ဘက်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအနည်း အကျဉ်းလုပ်ဆောင်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top