Healthy Life Ad
Life Style

ခင်ဝင့်ဝါ ၏ ကျန်းမာလှပလူမှုဘဝ

အဝါရောင်
မေး ။ လတ်တလောအနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။
ဖြေ ။ ပွဲလေးတွေ တက်ပေးဖြစ်တယ်။ ဇာတ်ကားလေးတွေလည်း ရိုက်ဖို့ရှိပါတယ်။

မေး ။ တစ်နေ့တာအတွက် အသားအရေထိန်းသိမ်းဖြစ်ပုံလေး ပြောပြ၊ပေးပါဦး။
ဖြေ ။ ဝင့်ဝါက အိမ်ရာဝင်တာနဲ့ ခြေလက် ဆေးကြော သန့်စင်တယ်။ မိတ်ကပ်တွေ အကုန်ဖျက်တယ်။ Night Cream လိမ်းတယ်။Spa လည်းသွားဖြစ်ပါတယ်။ အဓိကကတော့ အသီးအရွက်များများစားပြီး ရေများများသောက်တယ်။ အိပ်ရေးဝ၀ အိပ်တယ်။ အိပ်ရေးပျက်ရင် အသားအရေလည်း ညှိုးနွမ်းတတ်တော့လေ လိုးရှင်းလည်း လိမ်းတယ်၊ အသားအရေကို ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။

မေး ။ မျက်နှာအရေးကြောင်းတွေမဖြစ်အောင်ရော အသားအရေကို ဘယ်လိုထိန်းသိမ်းဖြစ်လဲ။
ဖြေ ။ အိပ်ရေးဝ၀အိပ်ပါတယ်။ အိပ်ရေးပျက်ရင်၊ စိတ်ဖိစီးမှုတွေများရင် အရေးကြောင်းတွေဖြစ်တယ်။ ဝင့်ဝါတို့က မိတ်ကပ်ကလည်း အမြဲလိမ်းနေရတာဆိုတော့ အသားအရေတွေ ထိခိုက်စေတယ်လေ။ အဲဒါကြောင့် မိတ်ကပ်တွေဖျက်ပြီးတာနဲ့ Eye Cream တို့ Night Cream တို့လိမ်းပေးဖြစ်ပါတယ်။

မေး ။ ခန္ဓာကိုယ်အလှအပအတွက်ရော ဘယ်လိုမျိုး ထိန်းသိမ်းဖြစ်လဲ။
ဖြေ ။ ဝင့်ဝါကတော့ ခန္ဓာကိုယ်ကလည်းသေးတော့ အများကြီးတော့ မလုပ်ဖြစ်ဖူးပေါ့။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းမျိုး၊ လမ်းလျောက်တာမျိုးလောက်ပဲလုပ်ဖြစ်တယ်။

မေး ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ဖြစ်တာမျိုးရောရှိလား။
ဖြေ ။ စားတယ်။ အာဟာရလည်းဖြစ်စေပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် အဆီတွေလည်း အရမ်းမဖြစ်တာမျိုးတွေပေါ့။ အသီးအရွက်ကြော်တွေ၊ အသီးဖျော်ရည်တွေလည်း ကြိုက်ပါတယ်။

မေး ။ စိတ်ဖိစီးမှုတွေရှိလာရင် စိတ်အပန်းပြေအောင် ဘယ်လိုဖြေဖျောက်တတ်လဲ။
ဖြေ ။ စာအုပ်ဖတ်တယ်။ သီချင်းနားထောင်တယ်။အိပ်ပစ်လိုက်တယ်။ အကြာကြီး မစဉ်းစားချင်ဘူး။

မေး ။ ဆွေမျိုးအပေါင်းအသင်းတွေကိုရော ကျန်းမာရေး လမ်းညွှန်မှုတွေပြောဖြစ်လား။
ဖြေ ။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို ပြောဖြစ်တာကတော့ ရာသီဥတုအကူးအပြောင်းဆိုတော့ ဖျားနာတတ်တယ်၊ ရေများများသောက်ဖို့ရယ်၊ အေးတဲ့ရာသီဆိုတော့ အသားအရေတွေ ခြောက်တတ်တယ် ဆိုတာမျိုးလေးတွေတော့ ပြောဖြစ်ပါတယ်။

မေး ။ အိမ်မှာချက်တဲ့ အစားအစာနဲ့အပြင်စာဆိုရင် ဘာကိုပိုကြိုက်လဲ။
ဖြေ ။ အဆင်ပြေသလို စားရတာပေါ့နော်။ အိမ်မှာ ချက်တဲ့အစားအစာကတော့ ပိုအဆင်ပြေတာပေါ့။ ကိုယ်စားချင်တဲ့ပုံစံလေးတွေကတော့ အိမ်မှာ စားရတာပိုကြိုက်တာပေါ့နော်။

မေး ။ ကျန်းမာရေးစစ်ဆေးမှုတွေရောလုပ်ဖြစ်လား။
ဖြေ ။ အမြဲတမ်းတော့ မလုပ်ဖြစ်ဘူး။

မေး ။ ပရိသတ်အတွက် ကျန်းမာရေးစကားလက်ဆောင်ပြောပေးပါဦး။
ဖြေ ။ ပရိသတ်ကြီး အခုက ရာသီအကူးအပြောင်းဖြစ်တော့ မိုးကရွာချင်တဲ့အချိန်ရွာတယ် နေကပူချင်တဲ့အချိန်ပူတယ် ။ ဒီတော့ထီးကိုအမြဲဆောင်းစေချင်တယ် ။ အင်္ကျီလက်ရှည်ခပ်ပါးပါးလေးကို အပေါ်ကထပ်ဝတ်စေချင်ပါတယ် ။ ရေများများသောက်ပါ။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါနော်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top