Healthy Life Ad
Life Style

ဇနီးမောင်နှံတို့အကြာချစ်ခြင်းမေတ္တာကိုအားကောင်းစေမည့် အစာများ

၊ လရိပ်မေ ၊

ဟောလိဝုဒ်မင်းသမီး ကက်သရင်းဇီတာဂျုံးဟာ အသက် ၆၀ကျော်တဲ့ မိုက်ကယ်ဒေါက်ကလပ်နဲ့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အစားအသောက်တွေကို ဟင်းနုနယ်ရွက်၊ ကညွတ်၊ ထောပတ်သီး၊ တိရစ္ဆာန်အသည်းစတဲ့ ချစ်ခြင်းမေတ္တာကို အားကောင်းစေတဲ့ အစားအစာတွေကို ပါဝင်အောင် ထည့်သွင်းလေ့ရှိပါတယ်။ မှန်ကန်တဲ့ အစားအသောက်တွေကို စားပေးတာကြောင့် ချစ်စိတ်ကို အားကောင်းအောင် ကူညီပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးဟင်း
ခရမ်းချဉ်သီးဟင်းနဲ့ အသားစဉ်းလုံးတွေကိုရောပြီး ချက်ပေးတာက အမျိုးသားတွေရဲ့ ကျန်း မာရေးကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီးထဲက လိုင်ကိုပင်းဓာတ်ဟာ ဆီးကျိတ်ကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး အသားလုံးတွေမှာ ဇင့်ဓာတ်အပြည့်ပါဝင်တာကြောင့် ပန်းသေတာမဖြစ်အောင် ကာကွယ်ပေးနိုင်ကာ မျိုးအောင်နိုင်စွမ်းကို တိုးစေပါတယ်။

လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီး ဟင်းရွက်များ
ဗီတာမင်စီချို့တဲ့ရင် သုက်ကောင်တွေကို အားနည်းစေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဗီတာမင်စီများစွာ ပါဝင်တဲ့ လတ်လတ်ဆတ်ဆတ်သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။

သစ်သီး
စပျစ်သီးကို စားပေးတာက နှလုံးကျန်းမာရေး ကို ကောင်းမွန်စေပါတယ်။

ဗာဒံစေ့
ဗီတာမင်အီးပါဝင်တဲ့ ဗာဒံစေ့တွေက သုက်ကောင်တွေကို ကျန်းမာစေပါတယ်။

ပဲပုပ်စေ့
ပဲပုပ်စေ့ဟာ အမျိုးသမီးတွေမှာ အီစထရိုဂျင် လက်ခံရာနေရာကို လှုံ့ဆော်ပေးနိုင်တာကြောင့် သွေးဆုံးချိန်ဝေဒနာတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်များ
ဟင်းခတ်အမွှေးအကြိုင်တွေကလည်း ချစ်ရေးချစ်ရာမှာ အားပေးကူညီနိုင်ပါတယ်။ ငရုတ်ကောင်း၊ ငရုတ်သီးစတာတွေကိုစားပေးတာက အန်ဒေါ်ဖင်အထွက်တိုးစေပြီး နာ့ဗ်ကြောကို လှုံ့ဆော်မှုပေးနိုင်ပါတယ်။ ချင်း(ဂျင်း)ဟာ မျိုးပွားအင်္ဂါတွေဆီကို သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေတာကြောင့် ကြည်နူးမှုကို တိုးမြင့်စေပါတယ်။

အိုမီဂါ ၃ နှင့် ၆ ပါသော အဆီ
အိုမီဂါ ၃နဲ့ ၆ အဆီတွေပါဝင်တဲ့ သံလွင်ဆီ၊ ဆယ်လ်မွန်ငါးနဲ့အခွံမာသီးတို့ဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒီအစာတွေက ဆွဲဆောင် ညှို့ယူနိုင်စွမ်းကို ကောင်းမွန်စေပြီး စွမ်းဆောင်နိုင်စွမ်းကို အားကောင်းစေပါတယ်။

မှတ်ချက်
လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခန္ဓာကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိပြီး အိမ်ထောင်မှုဘဝကိုလည်း သာယာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top