Healthy Life Ad
Health Tips

ရာသီဥတုအေးမြချိန် ဖျားနာခြင်းမဖြစ်စေရန်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ရာသီဥတုအေးမြတဲ့အခါ ဖျားနာတဲ့ ဝေဒနာကင်းစင်ပြီး ကျန်းမာနေစေဖို့ လိုက်နာသင့်တဲ့ နည်း လမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

(၁) အပြင်မထွက်မီ နှာခေါင်းတွင်းအစက်ချဆေးသုံးပါ
အေးမြတဲ့ ပတ်ဝန်းကျင်က နှာခေါင်းလမ်းကြောင်းကို ပိုမိုကျဉ်းမြောင်းစေပါတယ်။ နှာခေါင်းတွင်း အစက်ချဆေးနည်းနည်းသုံးရင် ရှူလိုက်တဲ့ လေအေးတွေကိုနွေးထွေးသွားစေသလို ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ အပြင်မထွက်ခင် လေကိုနှာခေါင်းကနေမှုတ်ထုတ်နိုင်ရင် ပိုကောင်းပါတယ်။

(၂) အပြင်ထွက်လျှင် ပါးစပ်ဖြင့် အသက်မရှူသင့်
ပါးစပ်နဲ့ အသက်ရှူတဲ့အခါ လေတွေကို နွေးထွေးအောင် မလုပ်နိုင်ပါဘူး။ လေအေးတွေကို နှာခေါင်းနဲ့ ဖြည်းဖြည်းချင်း ရှူသွင်းပေးပါ။

(၃) ဦးထုပ်ဆောင်းပါ
အေးမြတဲ့ရာသီမှာလူတွေ ရှူသွင်းလိုက်တဲ့လေအေးတွေကတစ်ဆင့် လည်ချောင်းနာတာနဲ့ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်တာ တို့ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ ဦးထုပ်ဆောင်းပေးပါ။

(၄) ချမ်းတုန်နေလျှင် ပြေးပါ
အပြင်ထွက်လို့ ချမ်းတုန်နေရင် အိမ်ကို ပြန်ပြေးပါ။ ကော်ဖီဆိုင်ထဲဖြစ်ဖြစ် ဝင်ပြီး ကော်ဖီသောက်ပါ။

(၅) ကျပ်လွန်းသော ဝတ်စုံရှောင်ပါ
အဝတ်အစားကျပ်ကျပ်မဝတ်ဘဲ သက်သောင့်သက်သာရှိတဲ့ ဝတ်စုံတွေဝတ်မှသာ ဝတ်စုံတစ်ထပ် နဲ့တစ်ထပ်အကြား လေက ခန္ဓာကိုယ်ကို နွေးထွေးစေမှာဖြစ်ပါတယ်။

(၆) အပြင်မထွက်မီ မိနစ် ၃၀ခန့် လက်ဖက်ရည်ပူပူသောက်ပါ
လက်ဖက်ရည်ပူပူသောက်တာကြောင့် သွေးလှည့်ပတ်မှုကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်တဲ့ စနစ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် သွေးကြောတွေကိုလည်း ကျယ်ပြန့်စေပါတယ်။

(၇) အပြင်မသွားမီ အရေပြားတွင် ခရင်မ်လိမ်းပါ
အပြင်မထွက်ခင် မိနစ် ၃၀ အလိုမှာ အရေပြားမှာ ခရင်မ်လိမ်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top