Healthy Life Ad
International

အိမ်ထောင်သက် ၆၆နှစ်ရှိ ဇနီးကို နောက်ဆုံးတွေ့ဆုံပြီး သေဆုံးသွားသည့် ၉၂ နှစ်အရွယ် အဘိုးအို

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၉၂ နှစ်အရွယ် အဘိုး အိုဖန်းဟာ နှလုံးရောဂါခံစားခဲ့ရပြီး ဆေးရုံတတိယထပ်ရှိ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေစဉ် အသက် ၉၅ နှစ်အရွယ် သူရဲ့ ဇနီးဖြစ်သူ ဟာလည်း ဆေးရုံ၁၄ထပ်မှာ အရိုးကျိုးတာကြောင့် ဆေးကုသမှုခံယူနေရပါတယ်။

အဘိုးဖန်းမှာ နှလုံးရောဂါအပြင် သက်ကြီးဝေ ဒနာတွေဖြစ်တဲ့ ခန္ဓာကိုယ်အင်္ဂါတွေကောင်းစွာအ လုပ်မလုပ်တဲ့ရောဂါတွေဖြစ်ပွားနေပါတယ်။အခြေ အနေစိုးရိမ်စရာဖြစ်နေကာ အထူးကုသဆောင်မှာ တစ်ပတ်ကျော်နေထိုင်ကုသနေရပါတယ်။မျှော်လင့် ချက်မရှိတော့တာသိတဲ့ အဘိုးဖန်းက ဆေးကုသတာ ကိုရပ်ပြီး အိမ်ပြန်ကာ အေးအေးချမ်းချမ်း ကွယ်လွန်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဆေးရုံကဆင်းရမယ့်နေ့မှာ အဘိုး ဖန်းက တွန့်ဆုတ်နေတာကြောင့် သားသမီးတွေက မေးမြန်းရာမှာ သူ့လိုဆေးရုံတက်နေတဲ့ ဇနီးဖြစ်သူနဲ့ တွေ့သွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကြင်နာတတ်တဲ့ ဆေးရုံဝန်ထမ်းတွေက သူတို့ ဇနီးမောင်နှံကို ကုတင်ချင်းယှဉ်ပြီး တွေ့ဆုံနိ်ုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ထားကြပြီး ဇနီးဖြစ်သူက ဆေးရုံမှာတစ်ယောက်တည်း အဆင်ပြေကြောင်းနဲ့ နေကောင်းတဲ့အခါမှ အိမ်ပြန်လာကာ အဘိုးဖန်းနဲ့တွေ့မယ်လို့ ပြောကြားခဲ့ပါတယ်။သူတို့ နှစ်ယောက်ရဲ့သံယောဇဉ်ကြီးမှုဟာ လေးစားအတု ယူစရာကောင်းတာကြောင့် ဆေးရုံသူနာပြု တစ် ယောက်က ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားခဲ့ကာ အင်တာနက်ပေါ် ပြန်လည်ဝေမျှခဲ့ပါတယ်။

တရုတ် အင်တာနက်အသုံးပြုသူများကြား ရေပန်းစားသွားခဲ့ပြီး မှတ်ချက်ပေးမှုပေါင်း ၃၄၀ဝ၀ကျော်ရှိခဲ့ပါတယ်။ မှတ်ချက်တွေမှာ လူငယ်စုံတွဲတွေအနေနဲ့ ဒီလိုအဘိုး အဘွားတွေရဲ့ သံယောဇဉ်ခိုင်မာမှုကို အတုယူသင့်ကြောင်း တိုက်တွန်းမှုတွေလည်း ပါဝင်ပါတယ်။ ဇနီး ဖြစ်သူနဲ့တွေ့ဆုံပြီး ၂ နာရီအကြာမှာ အဘိုးဖန်းဟာ သူ့အိမ်မှာပဲ အေးချမ်းစွာကွယ်လွန်သွားကြောင်း သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top