Healthy Life Ad
Life Style

အမျိုးသားတွေ အရိုးသန်စွမ်းစေဖို့ ဘာစားသင့်သလဲ . . .

၊ ကိုထက် ၊

အမျိုးသားတို့ အရိုးသန်စွမ်းကျန်းမာစေဖို့ အောက်ပါ အစာအာဟာရတွေကို မကြာခဏ စားသောက်ပေးသင့်ပါတယ်။

အဆီများသော ငါး
ဆာဒင်းငါး၊ ဆယ်လ်မွန်ငါးတို့လို အဆီများတဲ့ငါးတွေကို စားတာကြောင့် ဗီတာမင်ဒီ တစ်နေ့တာ လိုအပ်တဲ့ ပမာဏကို ရရှိစေပါတယ်။ ဗီတာမင်ဒီမရှိရင် သင်မှီဝဲနေတဲ့ တန်ဖိုးရှိတဲ့ ကယ်လ်စီယမ်အားလုံးကို အူကနေတစ်ဆင့် အရိုးထဲမရောက်ရှိနိုင်ပါဘူး။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
သင့်အိမ်ရေခဲသေတ္တာထဲမှာ ဟင်းနုနယ်ရွက်၊ ကိုက်လန်နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထည့်ထားပါ။ အဲဒီအစာတွေထဲမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင်ကေတို့ များများပါဝင်နေတဲ့အတွက် သင့်အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အရိုးထုထည် အားနည်းတာနဲ့ ဗီတာမင်ကေပမာဏ လျော့နည်းမှုဆက်စပ်နေတဲ့အတွက် ဗီတာမင်ကေနည်းလွန်းသူတွေမှာ တင်ပဆုံရိုးကျိုးနိုင်ခြေ ပိုများပါတယ်။

အချဉ်အရသာရှိ သစ်သီးများ
သံပရာသီး၊ လီမွန်သီးနဲ့ လိမ္မော်သီးတွေလို သစ်သီးတွေထဲမှာ ဗီတာမင်စီပါဝင်တဲ့အတွက် ကော် လာဂျင်ဖြစ်ပေါ်ရေးနဲ့ အရိုးကျိုးတာ သက်သာရေးအတွက် မရှိမဖြစ် အာဟာရဓာတ်ပဲ ဖြစ်ပါတယ်။ အ ရိုးကျန်းမာရေးဆိုင်ရာ လေ့လာမှုတစ်ခုအရ အရိုးကျိုးနိုင်ခြေနဲ့ အရိုးပါးရောဂါ ဖြစ်နှုန်း အများဆုံးရှိတဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဗီတာမင်စီမှီဝဲသူတွေက မမှီဝဲသူတွေထက် အရိုးသိပ်သည်းဆ ပိုများတာကို လေ့လာတွေ့ရှိရပါတယ်။

စပျစ်သီးခြောက်
စပျစ်သီးခြောက်မှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူမှုကို အားပေးပါတယ်။ တက်ဖ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မဂ္ဂနီဆီယမ်နဲ့ပိုတက်စီယမ်နည်းတဲ့ အစာစားသူတွေ ကတစ်နှစ်အကြာမှာ အရိုးသိပ်သည်းဆ ၄-၅ ရာ ခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။

ငှက်ပျောသီး
ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်က ခန္ဓာကိုယ်ထဲက ကယ်လ်စီယမ်နဲ့ ပေါင်းပြီး အရိုးတွေကို ကျန်းမာစေပါတယ်။ သြစတြေးလျလေ့လာမှုအရ အသက်ကြီးသူတွေ ပိုတက်စီယမ်များတဲ့ အစာစား တာကြောင့် အရိုးသိပ်သည်းဆကို ရှစ်ရာခိုင်နှုန်း ပိုကောင်းစေပါတယ်။ သင်က ငှက်ပျောသီးမကြိုက်ရင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာလည်း ပိုတက်စီယမ်များများ ပါဝင်ပါတယ်။

တရုတ်စာ
ပန်းဂေါ်ဖီစိမ်း၊ ပဲသီးစိမ်း၊ ဆန်လုံးညိုနဲ့ ဂေါ်ဖီထုပ်တို့လို အစာတွေမှာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top