Healthy Life Ad
Health Tips

အကျိုးပြုဘက်တီးရီးယားကြောင့် ရရှိနိုင်သော အပိုအကျိုးကျေးဇူးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အကျိုးပြုဘက်တီးရီးယား (Probiotics) အကြောင်းကိုတော့ သင်ကြားဖူးပြီးဖြစ်ပါလိမ့်မယ်။ လူ့ခန္ဓာကိုယ်အတွက်ကောင်းတဲ့ ဘက်တီးရီးယား တစ်မျိုးဖြစ်ပြီး ဒိန်ချဉ်၊ သက်တမ်းရင့်ဒိန်ခဲနဲ့ ဖြည့်စွက်ဆေးတချို့ထဲမှာ ပါဝင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားဟာ အစာခြေစနစ်ကို ကျန်းမာရေးကောင်းမွန်စေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာစေကာ IBS ဝေဒနာကို သက်သာစေပါတယ်။ ဒါ့အပြင် အောက်ပါ ကျန်းမာရေးအကျိုး ကျေးဇူးတွေကိုလည်း ရရှိစေပါတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

– စိတ်ပူပင်သောကကို လျော့ကျစေပါတယ်
အကျိုးပြုဘက်တီးရီးယားပါတဲ့ ဖြည့်စွက်ဆေး တွေကို ရက် ၃၀ကြာ မှီဝဲသူတွေဟာ မမှီဝဲသူတွေထက် စိတ်ဖိစီးမှု လျော့နည်းတာကို တွေ့ရှိရကြောင်း ဗြိတိန်အာဟာရဂျာနယ်ရဲ့လေ့လာမှုအရ သိရပါတယ်။

– နှလုံးကို ကျန်းမာစေပါတယ်
အချိန်ခြောက်ပတ်ကြာ ဒိန်ချဉ်စားတဲ့သူတွေဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို ၉ ရာ ခိုင်နှုန်းနီးပါး လျော့ကျစေတယ်လို့ ကနေဒီသုတေသီတွေက ဆိုပါတယ်။ အကြောင်းကတော့ ဒိန်ချဉ်မှာပါတဲ့ Lactobacillus reuteri ဆိုတဲ့ အကျိုးပြု ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။

– သွားနဲ့ သွားဖုံးကို သန့်ရှင်းစင်ကြယ်စေပါတယ်
၂၀၁၁ လေ့လာမှုတစ်ခုအရ အကျိုးပြုဘက်တီး ရီးယားကို မှီဝဲတာကြောင့် သွားဖုံးရောဂါနဲ့ သွားပိုးစား တာတွေကိုဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတချို့ကို လျော့ကျနိုင်ကြောင်းသိရပါတယ်။

– အအေးမိတာနဲ့ ချောင်းဆိုးတာကို သက်သာစေပါတယ်
အကျိုးပြုဘက်တီးရီးယားပါတဲ့ ဖြည့်စွက်ဆေးတွေကို မှီဝဲတာက အသက်ရှူလမ်းကြောင်း ပိုးဝင်မှုကို ၁၂ရာခိုင်နှုန်း လျော့ကျစေပြီး အနည်းဆုံး အအေးမိဝေဒနာ တစ်ကြိမ်ဖြစ်နှုန်းကိုလျော့ကျစေတယ်လို့ ၂၀၁၁ လေ့လာမှု ၁၀ခုအရသိရပါတယ်။

(Ref; RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top